ဤအရာများ စတင်ဖြစ်ပွားလာသောအခါ သင်တို့၏ဦးခေါင်းကို မော့လျက် မျှော်ကြည့်၍ ဝင့်ကြွားကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ကို ရွေးနုတ်ခေါ်ဆောင်ချိန် နီးကပ်လာသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
၁ သက် 4:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ဤစကားများဖြင့် အချင်းချင်းအားပေးကြလော့။ Common Language Bible သို့ဖြစ်၍ဤစကားများအားဖြင့်အချင်းချင်း တစ်ယောက်ကိုတစ်ယောက်အားပေးကြလော့။ Garrad Bible သို့ ဖြစ်၍ ဤ စ ကား များ နှင့် အ ချင်း ချင်း နှစ် သိမ့် စေ ကြ လော့။ Judson Bible သို့ဖြစ်၍၊ ဤစကားများအားဖြင့် အချင်းချင်း တစ်ယောက်ကိုတစ်ယောက် သက်သာစေကြလော့။ မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ ဤစကားများဖြင့် အချင်းချင်းတိုက်တွန်းနှိုးဆော်ကြလော့။ |
ဤအရာများ စတင်ဖြစ်ပွားလာသောအခါ သင်တို့၏ဦးခေါင်းကို မော့လျက် မျှော်ကြည့်၍ ဝင့်ကြွားကြလော့။ အဘယ်ကြောင့်ဆိုသော် သင်တို့ကို ရွေးနုတ်ခေါ်ဆောင်ချိန် နီးကပ်လာသောကြောင့်ဖြစ်သည်” ဟု မိန့်တော်မူ၏။
ထို့နောက် သူတို့နှင့်အတူ အသက်ရှင်ကျန်ရစ်သည့် ကျွန်ုပ်တို့သည် အာကာသကောင်းကင်တွင် သခင်ဘုရားနှင့် တွေ့ဆုံရန် မိုးတိမ်ပေါ်သို့ ယူဆောင်ခြင်းခံရမည်။ ဤသို့ဖြင့် ကျွန်ုပ်တို့သည် သခင်ဘုရားနှင့် ထာဝရအတူ နေကြရလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… ထိုအရာတို့သည် မည်သည့်အချိန်ကာလ၌ ဖြစ်ပျက်မည်ကို သင်တို့ထံ စာရေးလိုက်ရန် မလိုအပ်ပေ။
ထို့ကြောင့် ယခု သင်တို့လုပ်ဆောင်နေသည့်အတိုင်း အချင်းချင်းအားပေးလျက် တည်ဆောက်ပေးကြလော့။
ထို့ပြင် ညီအစ်ကိုမောင်နှမတို့… ပျင်းရိသူများကို သတိပေးဆုံးမကြလော့။ စိတ်ပျက်အားလျော့သူများကို အားပေးကြလော့။ အားနည်းသူများကို ကူညီကြလော့။ လူတိုင်းအပေါ်တွင် စိတ်ရှည်ကြလော့။
ထို့ကြောင့် နွမ်းနယ်နေသောလက်များနှင့် ချည့်နဲ့နေသောဒူးများကို ကြံ့ခိုင်စေကြလော့။