ထိုအခါ သူဌေးသည် မရိုးသားသောစီမံခန့်ခွဲသူ၏ပါးနပ်သည့်လုပ်ရပ်များကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့သည် မိမိတို့၏လောကီရေးရာကို လုပ်ဆောင်ရာတွင် အလင်း၏သားသမီးများထက် ပါးနပ်ကြသောကြောင့်ဖြစ်၏။
၁ ယော 4:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုပရောဖက်တို့သည် ဤလောက၏သားများဖြစ်၍ လောကီအမြင်ဖြင့် ပြောဆိုကြသဖြင့် လောကီသားတို့သည် နားထောင်ကြ၏။ Common Language Bible မိစ္ဆာပရောဖက်တို့သည်လောကနှင့်ဆိုင်သော သူများဖြစ်ကြ၏။ သို့ဖြစ်၍လောကီအကြောင်း အရာများကိုပြောဆိုကြ၏။ လောကသား တို့သည်လည်းသူတို့၏စကားကိုနားထောင် ကြ၏။- Garrad Bible သူ တို့ သည် ဤ လော က ဘက် သား ဖြစ် သော ကြောင့် လော က ဆိုင် ရာ များ ကို ပြော ဆို သ ဖြင့် လော က သား တို့ နာ ယူ တတ် ကြ၏။ Judson Bible ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သောကြောင့်၊ လောကီအကြောင်းအရာကို ပြောတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့စကားကို နားထောင်တတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည် လောကနှင့်စပ်ဆိုင်သူများဖြစ်ကြသောကြောင့် လောကနှင့်စပ်ဆိုင်သောအရာကို ပြောဆိုတတ်ကြ၏။ လောကီသားတို့သည်လည်း သူတို့ကိုနားထောင်တတ်ကြ၏။ |
ထိုအခါ သူဌေးသည် မရိုးသားသောစီမံခန့်ခွဲသူ၏ပါးနပ်သည့်လုပ်ရပ်များကို ချီးမွမ်းလေ၏။ အဘယ်ကြောင့်ဆိုသော် လောကီသားတို့သည် မိမိတို့၏လောကီရေးရာကို လုပ်ဆောင်ရာတွင် အလင်း၏သားသမီးများထက် ပါးနပ်ကြသောကြောင့်ဖြစ်၏။
အကျွန်ုပ်သည် အဖ၏နှုတ်ကပတ်တော်ကို သူတို့အား ပေးအပ်ပါပြီ။ အကျွန်ုပ်သည် လောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း လောကနှင့် မသက်ဆိုင်ကြပါ။ ထို့ကြောင့် လောကီသားတို့သည် သူတို့ကို မုန်းကြ၏။
အကျွန်ုပ်သည် ဤလောကနှင့် မသက်ဆိုင်သကဲ့သို့ သူတို့သည်လည်း ဤလောကနှင့် မသက်ဆိုင်ကြပါ။
အထက်မှ ကြွလာသောအရှင်သည် အရာအားလုံးထက် ကြီးမြတ်၏။ ကမ္ဘာလောကမှ ဖြစ်ပွားသောသူသည် လောကီသားဖြစ်၍ လောကီနှင့်ဆိုင်သောအရာများကိုသာ ပြောဆို၏။ ကောင်းကင်ဘုံမှ ကြွလာသောအရှင်သည် အရာအားလုံးထက် ကြီးမြတ်၏။
ယေရှုက “သင်တို့သည် အောက်အရပ်က ဖြစ်ကြ၏။ ငါသည် အထက်အရပ်က ဖြစ်၏။ သင်တို့သည် လောကီသားများဖြစ်ကြ၏။ ငါသည် လောကီသားမဟုတ်။
အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။
ထိုနဂါးသည် တစ်ကမ္ဘာလုံးကို လှည့်ဖြားသည့် မာရ်နတ်၊ သို့မဟုတ် စာတန် ဟုခေါ်သော ရှေးမြွေဟောင်းဖြစ်ပြီး သူ၏ တမန်များနှင့်အတူ ကမ္ဘာမြေပေါ်သို့ ပစ်ချခံခဲ့ရ၏။