သို့သော်လည်း ကျွန်ုပ်တို့သည် ရင့်ကျက်သောသူများအကြားတွင်မူ ပညာစကားကို ပြောဆိုကြ၏။ ထိုပညာစကားသည် လောကီပညာစကားမဟုတ်။ ပျက်စီးပျောက်ကွယ်မည့် လောကီအစိုးရမင်းတို့၏ ပညာစကားလည်းမဟုတ်။
၁ ကော 3:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ဤလောကီပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာ ဖြစ်သောကြောင့်ပင်။ ကျမ်းစာ၌ “ဘုရားသခင်သည် ပညာရှင်တို့ကို သူတို့သုံးသောပရိယာယ်အားဖြင့် ထောင်ချောက်ဆင်၍ဖမ်းတော်မူ၏” ဟု ဖော်ပြထား၏။ Common Language Bible ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။- Judson Bible အကြောင်းမူကား၊ လောကီပညာသည် ဘုရားသခင့်ရှေ့၌ မိုက်မဲခြင်းဖြစ်၏။ ကျမ်းစာလာသည်ကား၊ ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏ဟု လာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဤလောက၏ဉာဏ်ပညာသည် ဘုရားသခင်ရှေ့တော်၌ မိုက်မဲသောအရာဖြစ်၏။ “ဘုရားသခင်သည် ပညာရှိတို့ကို သူတို့၏ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏”ဟု ကျမ်းစာ၌ရေးထား၏။ |
သို့သော်လည်း ကျွန်ုပ်တို့သည် ရင့်ကျက်သောသူများအကြားတွင်မူ ပညာစကားကို ပြောဆိုကြ၏။ ထိုပညာစကားသည် လောကီပညာစကားမဟုတ်။ ပျက်စီးပျောက်ကွယ်မည့် လောကီအစိုးရမင်းတို့၏ ပညာစကားလည်းမဟုတ်။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် အာပေါလုနှင့် ကျွန်ုပ်ကိုယ်တိုင်ကို သာဓကအဖြစ် ဤအရာများကို သင်တို့အကျိုးအတွက် ပုံဖော်ပြရခြင်းဖြစ်၏။ ဤသို့ ပုံဖော်ပြခြင်းမှာ “ကျမ်းစာ၌ ရေးသားထားသော အရာကို ကျော်လွန်၍ မလုပ်ဆောင်နှင့်” ဟူသော ဆိုရိုးစကားကို ကျွန်ုပ်တို့၏သာဓကမှ သင်တို့နားလည်နိုင်ရန်ဖြစ်၏။ ထို့ပြင် သင်တို့သည် မာနထောင်လွှားလျက် တစ်ယောက်ကို မျက်နှာသာပေး၍ ကျန်တစ်ယောက်ကို ဆန့်ကျင်ခြင်းမရှိစေရန်ဖြစ်၏။
ထိုအခါ ကျွန်ုပ်တို့သည် မရင့်ကျက်သေးသော ကလေးသူငယ်များကဲ့သို့ ဖြစ်တော့မည် မဟုတ်ပေ။ လှေသည် လှိုင်းလေတို့၌ လွန့်လူးနေသကဲ့သို့ ကျွန်ုပ်တို့သည် ပရိယာယ်ဖြင့် လမ်းလွဲစေရန် လှည့်ဖြားတတ်သော သူတို့၏ အမျိုးမျိုးသော သွန်သင်မှုနောက်သို့ ပါသွားမည် မဟုတ်ပေ။
ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်။ လောက၊ လူ့ဗီဇနှင့် နတ်ဆိုးတို့ထံမှ လာ၏။