သင်သည် ဘုရားသခင်အား ကောင်းစွာ ကျေးဇူးတင်နေသော်လည်း တစ်ပါးသူအတွက် တည်ဆောက်စရာမဖြစ်ပေ။
၁ ကော 14:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် အခြားဘာသာစကားကို သင်တို့ထက်ပို၍ ပြောဆိုရသောကြောင့် ဘုရားသခင်ကို ကျေးဇူးတင်၏။ Common Language Bible ငါသည်ထူးဆန်းသောဘာသာစကားအမျိုး မျိုးကို သင်တို့ထက်ပို၍ပြောဆိုနိုင်သဖြင့် ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်း၏။- Garrad Bible ငါ သည် သင် တို့ ရှိ သ မျှ ထက် ဘာ သာ စ ကား ထူး ပြော ဆို ခွင့် ရ သည့် အ တွက် ဘု ရား သ ခင့် ကျေး ဇူး တော် ကြီး လှ၏။ Judson Bible ငါသည် သင်တို့ရှိသမျှထက်၊ အခြားသော ဘာသာစကားဖြင့် ဟောပြောသောအရာကို ထောက်၍၊ ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်း၏။- မြန်မာ့စံမီသမ္မာကျမ်း ငါသည် သင်တို့အားလုံးထက် အခြားသောဘာသာစကားများကို ပို၍ပြောဆိုရသည့်အတွက် ဘုရားသခင်ကိုကျေးဇူးတင်၏။ |
သင်သည် ဘုရားသခင်အား ကောင်းစွာ ကျေးဇူးတင်နေသော်လည်း တစ်ပါးသူအတွက် တည်ဆောက်စရာမဖြစ်ပေ။
သို့ဖြစ်စေကာမူ အသင်းတော်တွင် အခြားဘာသာစကားဖြင့် အခွန်းတစ်သောင်းကို ပြောဆိုသည်ထက် တစ်ပါးသူကို သွန်သင်ရန် နားလည်နိုင်သောစကားငါးခွန်းကိုသာ ကျွန်ုပ်ပြောဆိုမည်။
အဘယ်ကြောင့်ဆိုသော် အခြားဘာသာစကားကို ပြောဆိုသူသည် လူတို့အား ပြောဆိုသည်မဟုတ်။ ဘုရားသခင်အား ပြောဆိုခြင်းဖြစ်၏။ ထိုသူပြောသောစကားကို မည်သူမျှ နားမလည်ပေ။ သူသည် ဝိညာဉ်တော်၏တန်ခိုးအားဖြင့် လျှို့ဝှက်နက်နဲသောအရာတို့ကို ပြောဆိုနေခြင်းဖြစ်၏။
အခြားဘာသာစကားကို ပြောသောသူသည် မိမိကိုယ်ကိုယ် တည်ဆောက်၏။ ပရောဖက်ပြုဟောပြောသောသူကမူ အသင်းတော်တစ်ခုလုံးကို တည်ဆောက်ပေး၏။
ကျွန်ုပ်သည် သင်တို့ရှိသမျှအား အခြားဘာသာစကားကို ပြောတတ်စေလို၏။ သို့သော် ပရောဖက်ပြုဟောပြောခြင်းကို ပို၍ တတ်စေလို၏။ အဘယ်ကြောင့်ဆိုသော် အခြားဘာသာစကားကို ပြောဆိုရာတွင် အသင်းတော်အတွက် တည်ဆောက်စရာဖြစ်စေရန် အနက်ကို ပြန်နိုင်ရမည်ဖြစ်၏။ အနက်မပြန်နိုင်လျှင် အခြားဘာသာစကားကို ပြောဆိုခြင်းထက် ပရောဖက်ပြုဟောပြောခြင်းသည် ပို၍ မြတ်၏။
မည်သူသည် သင့်ကို အခြားသူထက် ထူးခြားစေသနည်း။ ဘုရားသခင် ပေးတော်မမူလျှင် သင်၌ မည်သည့်အရာရှိမည်နည်း။ သင်၌ ရှိသောအရာမှန်သမျှသည် ဘုရားသခင်ထံတော်မှ ဖြစ်ပါလျက်နှင့် ဘုရားသခင်ထံတော်မှ ရရှိသည့်အရာမဟုတ်သကဲ့သို့ အဘယ်ကြောင့် ကြွားဝါသနည်း။