သင်တို့အား ခေါင်းဆောင်ဟု ခေါ်ဝေါ်သည်ကိုလည်း မခံကြနှင့်။ သင်တို့တွင် ခရစ်တော်ဟူသော ခေါင်းဆောင်တစ်ပါးတည်းရှိ၏။
၁ ကော 12:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အမှုတော်လုပ်ငန်းအမျိုးမျိုးရှိသော်လည်း ဘုရားသခင်တစ်ပါးတည်းရှိ၏။ Common Language Bible အစေခံရန်နည်းအမျိုးမျိုးရှိသော်လည်း အစေခံရသည့်သခင်ကားတစ်ပါးတည်းရှိ၏။- Garrad Bible ဆောင် ရွက် မှု များ ခြား နား သော် လည်း အ ရှင် တစ် ဆူ၊ Judson Bible ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တစ်ပါးတည်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း အမှုတော်လုပ်ငန်းသည် အမျိုးမျိုးရှိသော်လည်း သခင်ဘုရားသည် တစ်ပါးတည်းရှိ၏။ |
သင်တို့အား ခေါင်းဆောင်ဟု ခေါ်ဝေါ်သည်ကိုလည်း မခံကြနှင့်။ သင်တို့တွင် ခရစ်တော်ဟူသော ခေါင်းဆောင်တစ်ပါးတည်းရှိ၏။
ဘုရားသခင်သည် အရာခပ်သိမ်းတို့၏အရှင်သခင်ဖြစ်သော ယေရှုခရစ်တော်အားဖြင့် ငြိမ်းချမ်းခြင်းတရားကိုဟောပြော၍ အစ္စရေးလူမျိုးတို့အား ပေးပို့သည့်နှုတ်တော်ထွက်စကားကို သင်တို့သိကြ၏။
လုပ်ဆောင်ပုံအမျိုးမျိုးရှိသော်လည်း လူအပေါင်းတို့၌ ရှိသော လုပ်ဆောင်ပုံအားလုံးကို သက်ဝင်လှုပ်ရှားစေတော်မူသော ဘုရားသခင် တစ်ပါးတည်းရှိ၏။
ကျွန်ုပ်တို့အတွက်မှာမူ အရာခပ်သိမ်းကို ဖန်ဆင်းတော်မူသော အဖဘုရားသခင် တစ်ဆူတည်းသာရှိ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်အတွက် အသက်ရှင်ကြ၏။ ထို့ပြင် ကျွန်ုပ်တို့အတွက် ယေရှုခရစ်တော်ဟူသော သခင်တစ်ပါးတည်းသာ ရှိ၍ အရာခပ်သိမ်းသည် ထိုအရှင်အားဖြင့် ဖြစ်လာပြီး ကျွန်ုပ်တို့သည်လည်း ထိုအရှင်အားဖြင့်သာ အသက်ရှင်ကြ၏။
“ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်” ဟု နှုတ်ဖြင့် ဝန်ခံလျက် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားကြစေရန် ဖြစ်၏။