ထိုကဲ့သို့ပင် များပြားလှသော ကျွန်ုပ်တို့သည်လည်း ခရစ်တော်၌ ကိုယ်ခန္ဓာတစ်ခုတည်း ဖြစ်၍ အချင်းချင်း ဆက်စပ်လျက်ရှိသော အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။
၁ ကော 12:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုတွင်မူ အင်္ဂါအစိတ်အပိုင်းများစွာ ရှိသော်လည်း ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်၏။ Common Language Bible အမှန်အားဖြင့်ဆိုသော်အင်္ဂါအစိတ်အပိုင်း အများရှိသော်လည်းကိုယ်ခန္ဓာတစ်ခုတည်း သာရှိသတည်း။ Garrad Bible မု ချ အား ဖြင့် အင်္ဂါ အ များ ရှိ သည် မှန် သော် လည်း တစ် ကိုယ် တည်း ဖြစ်၏။ Judson Bible ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တစ်ခုတည်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ယခုမူကား အင်္ဂါအစိတ်အပိုင်းသည် များစွာရှိသော်လည်း ကိုယ်ခန္ဓာသည် တစ်ခုတည်းရှိ၏။ |
ထိုကဲ့သို့ပင် များပြားလှသော ကျွန်ုပ်တို့သည်လည်း ခရစ်တော်၌ ကိုယ်ခန္ဓာတစ်ခုတည်း ဖြစ်၍ အချင်းချင်း ဆက်စပ်လျက်ရှိသော အင်္ဂါအစိတ်အပိုင်းများ ဖြစ်ကြ၏။
ယုံကြည်သူများသည် ခရစ်တော်၌ အင်္ဂါအစိတ်အပိုင်းများစွာပါရှိသည့် ကိုယ်ခန္ဓာကဲ့သို့ ဖြစ်ကြ၏။ လူ့ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်းများစွာရှိသော်လည်း ထိုအစိတ်အပိုင်းများစွာသည် ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်၏။
မှန်ပါ၏။ ကိုယ်ခန္ဓာတွင် အင်္ဂါအစိတ်အပိုင်းတစ်ခုတည်းသာ ရှိသည်မဟုတ်ဘဲ အစိတ်အပိုင်းများစွာ ရှိ၏။
အင်္ဂါအစိတ်အပိုင်းအားလုံးသည် အစိတ်အပိုင်းတစ်ခုတည်းသာ ဖြစ်လျှင် ကိုယ်ခန္ဓာဟူ၍ မည်သို့ရှိတော့မည်နည်း။
မျက်စိက လက်အား “သင့်ကို ငါမလိုအပ်” ဟု ပြော၍မရပါ။ ထိုနည်းတူ ဦးခေါင်းက ခြေအား “သင့်ကို ငါမလိုအပ်” ဟု ပြော၍မရပါ။