ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
၁ ကော 11:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ကျွန်ုပ် သိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။ Common Language Bible သို့သော်ခရစ်တော်သည်ယောကျာ်းတိုင်း၏အထွတ် အထိပ်၊ ယောကျာ်းသည်မိန်းမ၏အထွတ်အထိပ်၊ ဘုရားသခင်သည်ခရစ်တော်၏အထွတ်အထိပ် ဖြစ်ကြောင်းကိုသင်တို့အားသိစေလို၏။- Garrad Bible သို့ ရာ တွင် သင် တို့ သိ စေ လို သည် မှာ ယောက်ျား တိုင်း၏ အ ထွဋ် အ ထိပ် သည် ခ ရစ် တော်၊ မိန်း မ ၏ အ ထွဋ် အ ထိပ် သည် ယောက်ျား၊ ခ ရစ် တော်၏ အ ထွဋ် အ ထိပ် သည် ဘု ရား သ ခင် ပေ တည်း။ Judson Bible ယောက်ျား၏ခေါင်းကား ခရစ်တော်ဖြစ်သည်ကိုလည်းကောင်း၊ မိန်းမ၏ခေါင်းကား ယောက်ျားဖြစ်သည်ကိုလည်းကောင်း၊ ခရစ်တော်၏ခေါင်းကား ဘုရားသခင် ဖြစ်တော်မူသည်ကိုလည်းကောင်း၊ သင်တို့ သိမှတ်စေခြင်းငှာ ငါအလိုရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့အား ငါသိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။ |
ထိုအခါ ယေရှုသည် တပည့်တော်တို့ထံ ချဉ်းကပ်တော်မူ၍ “ငါ့ခမည်းတော်သည် ကောင်းကင်နှင့် မြေကြီးပေါ်၌ ရှိသမျှသော အခွင့်အာဏာအားလုံးကို ငါ့ထံ အပ်နှင်းတော်မူပြီ။
‘ယခု ငါသွားမည်။ သို့သော် သင်တို့ထံသို့ ပြန်လာဦးမည်’ ဟူ၍ ငါပြောခဲ့သောစကားကို သင်တို့ကြားခဲ့ပြီ။ သင်တို့သည် ငါ့ကို အမှန်တကယ်ချစ်လျှင် ငါ့ထက် ပို၍ ကြီးမြတ်သောခမည်းတော်ထံသို့ ငါသွားသည့်အတွက် ဝမ်းမြောက်ကြလိမ့်မည်။
သင်တို့ကိုမူ ခရစ်တော်ပိုင်ဆိုင်တော်မူပြီး ခရစ်တော်ကိုမူ ဘုရားသခင်ပိုင်ဆိုင်တော်မူ၏။
ကျွန်ုပ်တို့သည် သမ္မာတရားကို မေတ္တာဖြင့် အစဉ် နာခံဟောပြောလျက် အသင်းတော်၏ ဦးခေါင်း ဖြစ်တော်မူသော ခရစ်တော်နှင့် ပိုမို တူညီလာ၍ အစစအရာရာတွင် ကြီးထွားကြမည် ဖြစ်၏။
ကိုယ်တော်သည် အသင်းတော်ဟူသော မိမိကိုယ်ခန္ဓာ၏ ဦးခေါင်းဖြစ်၍ ကိုယ်ခန္ဓာ၏ မူလအရင်းအမြစ် ဖြစ်တော်မူ၏။ သေရာမှ အဦးဆုံး ရှင်ပြန်ထမြောက်လာသော သားဦး ဖြစ်တော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်သည် အရာအားလုံးတွင် အကြီးမြတ်ဆုံး ဖြစ်တော်မူ၏။
သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်၍ ပြည့်စုံသောအနေအထားသို့ ရောက်လာကြသောကြောင့် ဖြစ်၏။ ထိုခရစ်တော်သည် အုပ်စိုးမှုနှင့် အာဏာစက်အပေါင်းတို့ကို အစိုးရတော်မူ၏။
သူတို့သည် ဦးခေါင်းဖြစ်သည့် ခရစ်တော်၌ မှီခိုအားထားခြင်း မရှိ။ ထိုဦးခေါင်းဖြစ်သည့် ခရစ်တော်မှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြော အရွတ်များဖြင့် ဆက်စပ်၍ အားဖြည့်လျက် ဘုရားသခင် ကြီးထွားစေလိုတော်မူသည့်အတိုင်း ကြီးထွားကြ၏။
ဇနီးသည်တို့… သခင်ဘုရား၏ လူများ ပြုမူနေထိုင်သင့်သည့်အတိုင်း သင်တို့၏ ခင်ပွန်းသည်ကို နာခံကြလော့။
ထိုနည်းတူ ဇနီးသည်တို့… သင်တို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့ခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကို မယုံကြည်သော်လည်း သင်တို့၏ ဘုရားတရားရိုသေကိုင်းရှိုင်း၍ သန့်ရှင်းစင်ကြယ်သောပြုမူနေထိုင်ပုံကို မြင်သဖြင့် စကားတစ်ခွန်းမျှပင် မလိုဘဲ ယုံကြည်လာလိမ့်မည်။