မရိုင်းစိုင်းတတ်။ ကိုယ်ကျိုးကို မရှာတတ်။ ဒေါသမထွက်တတ်။ သူတစ်ပါး၏ အပြစ်ကို မှတ်မထားတတ်။
၁ ကော 10:24 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မည်သူမျှ ကိုယ်ကျိုးကို မရှာစေနှင့်။ သူတစ်ပါးအကျိုးကိုသာ ရှာစေ။ Common Language Bible အဘယ်သူမျှကိုယ်ကျိုးကိုမရှာစေနှင့်။ သူ တစ်ပါး၏အကျိုးကိုသာလျှင်ရှာစေ။ Garrad Bible လူ တိုင်း ကိုယ့် အ ကျိုး ကို မ ရှာ ဘဲ သူ တစ် ပါး၏ အ ကျိုး ကို သာ ရှာ ပါ စေ။ Judson Bible ကိုယ်အကျိုးကို အဘယ်သူမျှမရှာစေနှင့်။ သူ့အကျိုးကို လူတိုင်းရှာစေ။- မြန်မာ့စံမီသမ္မာကျမ်း မည်သူမျှ ကိုယ်ကျိုးကိုမရှာနှင့်။ လူတိုင်း သူတစ်ပါးအကျိုးကိုရှာစေ။ |
မရိုင်းစိုင်းတတ်။ ကိုယ်ကျိုးကို မရှာတတ်။ ဒေါသမထွက်တတ်။ သူတစ်ပါး၏ အပြစ်ကို မှတ်မထားတတ်။
ယခု ကျွန်ုပ်သည် သင်တို့ထံသို့ တတိယအကြိမ် လာရန် အသင့်ရှိ၏။ သို့သော် သင်တို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် သင်တို့၏ ငွေကြေးဥစ္စာကို အလိုရှိ၍မဟုတ်ဘဲ သင်တို့ကိုသာ အလိုရှိသောကြောင့်ဖြစ်၏။ သားသမီးတို့သည် မိဘအတွက် ငွေကြေးဥစ္စာကို စုဆောင်းရသည်မဟုတ်။ မိဘတို့ကသာ သားသမီးတို့အတွက် စုဆောင်းရ၏။