ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
၁ ကော 10:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့အားလုံးသည် မိုးတိမ်နှင့် ပင်လယ်ထဲ၌ မောရှေ၏ တပည့်များအဖြစ် နှစ်ခြင်းမင်္ဂလာကို ခံယူခဲ့ကြ၏။ Common Language Bible သူတို့သည်ထိုမိုးတိမ်နှင့်ပင်လယ်ထဲ၌မောရှေ ၏တပည့်များအဖြစ်ဗတ္တိဇံမင်္ဂလာခံယူ ကြ၏။- Garrad Bible ရှိ သ မျှ တို့ သည် ထို တိမ် တိုက် နှင့် ပင် လယ် တွင် မော ရှေ ထဲ သို့ ဗ တ္တိ ဇံ မင်္ဂ လာ ခံ ခွင့်၊ Judson Bible မိုးတိမ်နှင့် ပင်လယ်ထဲမှာ မောရှေ၌ ဗတ္တိဇံကို ခံကြသည် ဟူ၍လည်းကောင်း၊- မြန်မာ့စံမီသမ္မာကျမ်း အားလုံးသည် မိုးတိမ်နှင့်ပင်လယ်ထဲတွင် မောရှေ၌ ဗတ္တိဇံခံခဲ့ကြ၏။ |
ထိုသူတို့သည် မိမိတို့၏အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် ဂျော်ဒန်မြစ်ထဲ၌ ထိုသူတို့ကို နှစ်ခြင်းမင်္ဂလာပေးလေ၏။
ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ရန် နှစ်ခြင်းမင်္ဂလာကို ခံယူထားသော ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်အတူ အသေခံရန်အတွက်လည်း နှစ်ခြင်းမင်္ဂလာခံယူသည်ကို သင်တို့မသိကြသလော။
ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်စေရန် နှစ်ခြင်းမင်္ဂလာကို ခံယူသောသူအပေါင်းတို့သည် ခရစ်တော်ကဲ့သို့ ဖြစ်လာကြ၏။