သို့ရာတွင် ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘လူသည် အစာဖြင့်သာ အသက်ရှင်ရသည်မဟုတ်။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားရှိသမျှဖြင့် အသက်ရှင်ရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ဧဖက် 6:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကယ်တင်ခြင်း သံခမောက်ကို ဆောင်းကြလော့။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်သော ဝိညာဉ်တော်၏ ဓားကိုလည်း ကိုင်ဆောင်ကြလော့။ Common Language Bible ကယ်တင်ခြင်းတည်းဟူသောသံခမောက်ကို လည်းကောင်း၊ ဝိညာဉ်တော်ကပေးသောဘုရား သခင်၏နှုတ်ကပတ်တော်တည်းဟူသော ဋ္ဌားကိုလည်းကောင်းယူဆောင်ကြလော့။- Garrad Bible ကယ် တင် ခြင်း မောက် ရူ နှင့် ဘု ရား သ ခင့် ဗျာ ဒိတ် တော် တည်း ဟူ သော ဝိ ညာဉ် တော် ဓား ကို ဆောင် လျက်၊ Judson Bible ကယ်တင်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တည်းဟူသော ဝိညာဉ်တော်၏ ဓားကိုလည်းကောင်း ယူကြလော့။- မြန်မာ့စံမီသမ္မာကျမ်း ကယ်တင်ခြင်းသံခမောက်နှင့် ဘုရားသခင်၏နှုတ်ကပတ်တော်တည်းဟူသော ဝိညာဉ်တော်ဓားကိုလည်း ယူကြလော့။ |
သို့ရာတွင် ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘လူသည် အစာဖြင့်သာ အသက်ရှင်ရသည်မဟုတ်။ ဘုရားသခင်၏ နှုတ်တော်ထွက်စကားရှိသမျှဖြင့် အသက်ရှင်ရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို အကဲမစမ်းရ’ ဟူ၍ ဖြစ်သည်” ဟု ပြန်၍ မိန့်တော်မူ၏။
ထိုသို့ အသက်ပေးတော်မူခြင်းသည် ရေနှင့် နှုတ်ကပတ်တော်ဖြင့် အသင်းတော်ကို ဆေးကြော၍ သန့်ရှင်းစင်ကြယ်ပြီးမှ
သို့သော် ကျွန်ုပ်တို့သည် နေ့၏သားသမီးများဖြစ်သောကြောင့် တည်ကြည်လျက် သတိရှိကြစို့။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို ရင်အုပ်ကာချပ်ဝတ်အဖြစ် ဝတ်ဆင်လျက် ကယ်တင်ခံရမည်ဟူသော မျှော်လင့်ခြင်းကို သံခမောက်အဖြစ် ဆောင်းကြစို့။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထိရောက်ကာ သန်လျက်တကာတို့ထက် ထက်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ထိုးဖောက်ကာ ပိုင်းခြားနိုင်ပြီး လူတို့၏ စိတ်အတွင်းမှ တွေးတောကြံစည်မှုတို့ကို သိမြင်နိုင်၏။
ထို့ပြင် ထိုသူတို့သည် ဘုရားသခင်၏ ကောင်းမြတ်သော နှုတ်ကပတ်တော်နှင့် အနာဂတ်ကာလ၏တန်ခိုးတို့ကို မြည်းစမ်းခဲ့ကြ၏။
သူ၏ လက်ယာလက်ဖြင့် ကြယ်ခုနစ်လုံးကို ကိုင်ဆောင်၍ သူ၏ ခံတွင်းထဲမှ ထက်သောသန်လျက်ထွက်လာ၏။ သူ၏မျက်နှာသည် အရှိန်ပြင်းစွာ ထွန်းတောက်သောနေကဲ့သို့ဖြစ်၏။
ညီအစ်ကိုမောင်နှမတို့သည် ထိုသူကို သိုးသငယ်၏ အသွေးတော်ဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံဟောပြောသောနှုတ်ကပတ်တော်ဖြင့်လည်းကောင်း အောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရမည်ဆိုလျှင်ပင် မိမိတို့၏အသက်ကို မနှမြောကြ။
ဘုရားသခင်ကို ဆန့်ကျင်သောလူမျိုးတို့ကို နှိမ်နင်းရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းမှ ထွက်၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့် အုပ်စိုးတော်မူလိမ့်မည်။ သူသည် အနန္တတန်ခိုးရှင်ဘုရားသခင်၏ ကြီးမားသောအမျက်တော်ဟူသော စပျစ်သီးနယ်ရာကျင်းကို နင်းတော်မူလိမ့်မည်။
သို့ဖြစ်၍ နောင်တရကြလော့။ နောင်တမရပါက ငါသည် သင်တို့ထံသို့ မကြာမီလာ၍ ငါ၏ခံတွင်းမှ သန်လျက်ဖြင့် သူတို့ကို တိုက်ခိုက်မည်။