ထို့ကြောင့် ယောက်ျားသည် မိခင်နှင့် ဖခင်ကို ခွဲခွာ၍ မိမိဇနီးနှင့် ပေါင်းဖက်သဖြင့် သူတို့နှစ်ဦးသည် တစ်သားတည်းဖြစ်ကြလိမ့်မည်’ ဟု ကျမ်းစာတွင် ပါရှိသည်ကို သင်တို့ မဖတ်ဖူးကြသလော။
ဧဖက် 5:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျမ်းစာတွင် “ထို့ကြောင့် ယောက်ျားသည် မိခင်နှင့် ဖခင်ကို ခွဲခွာ၍ မိမိဇနီးနှင့် ပေါင်းဖက်သဖြင့် သူတို့နှစ်ဦးသည် တစ်သားတည်း ဖြစ်ကြလိမ့်မည်” ဟု ဖော်ပြထား၏။ Common Language Bible ကျမ်းစာတော်တွင်၊ ``ဤအကြောင်းကြောင့်ယောကျာ်းသည်မိဘထံမှ ထွက်ခွာ၍မယားနှင့်စုံဖက်သဖြင့်၊ သူတို့နှစ်ဦးသည်တစ်သားတစ်ကိုယ်တည်း ဖြစ်ကြရလိမ့်မည်'' ဟုဖော်ပြပါရှိ၏။- Garrad Bible ထို အ ကြောင်း ကြောင့် ယောက်ျား သည် မိ ဘ ထံ မှ ခွါ၍ မ ယား နှင့် စုံ ဘက် သ ဖြင့် ထို သူ နှစ် ဦး သည် တစ် သား တည်း ဖြစ် ရ လိမ့် မည်။ Judson Bible ထိုအကြောင်း အကြောင့်ယောက်ျားသည် ကိုယ်မိဘကိုစွန့်၍ ကိုယ်ခင်ပွန်း၌ မှီဝဲသဖြင့်၊ ထိုသူနှစ်ယောက် တို့သည် တစ်သားတစ်ကိုယ်တည်း ဖြစ်ရလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအကြောင်းကြောင့် ယောက်ျားသည် မိခင်နှင့်ဖခင်တို့ကိုစွန့်ခွာ၍ မိမိမယားနှင့်ပေါင်းဖက်သဖြင့် ထိုသူနှစ်ဦးတို့သည် တစ်သားတစ်ကိုယ်တည်းဖြစ်ကြလိမ့်မည်။ |
ထို့ကြောင့် ယောက်ျားသည် မိခင်နှင့် ဖခင်ကို ခွဲခွာ၍ မိမိဇနီးနှင့် ပေါင်းဖက်သဖြင့် သူတို့နှစ်ဦးသည် တစ်သားတည်းဖြစ်ကြလိမ့်မည်’ ဟု ကျမ်းစာတွင် ပါရှိသည်ကို သင်တို့ မဖတ်ဖူးကြသလော။
လူတစ်ဦးသည် ပြည့်တန်ဆာနှင့် ပေါင်းဖော်လျှင် ထိုသူသည် ထိုပြည့်တန်ဆာနှင့် တစ်သားတည်းဖြစ်ကြောင်းကို သင်တို့မသိကြသလော။ ကျမ်းစာ၌ “သူတို့ နှစ်ဦးတို့သည် တစ်သားတည်း ဖြစ်ကြလိမ့်မည်” ဟု ဖော်ပြထား၏။
ဤတစ်သားတစ်ကိုယ်တည်း ဖြစ်ခြင်းသည် အလွန် နက်နဲသောအရာ ဖြစ်၏။ ထို့ကြောင့် ခရစ်တော်နှင့် အသင်းတော်ကို ရည်ညွှန်း၍ ကျွန်ုပ်ပြောဆိုခြင်း ဖြစ်၏။