ယေရှုသည် ထိုမျက်မမြင်ကို လက်ဆွဲ၍ မြို့ပြင်သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူ၏ မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ် လက်တော်တင်လျက် “တစ်စုံတစ်ရာကို မြင်သလော” ဟု မေးတော်မူ၏။
ဟေဗြဲ 8:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤပဋိညာဉ်သည် သူတို့၏ဘိုးဘေးများနှင့် ငါဖွဲ့သော ပဋိညာဉ်နှင့် ကွဲပြားလိမ့်မည်။ ငါသည် သူတို့ဘိုးဘေးများကို လက်ဆွဲ၍ အီဂျစ်ပြည်မှ ထုတ်ဆောင်သောအခါ ထိုသူတို့နှင့် ပဋိညာဉ်ဖွဲ့ခဲ့၏။ သူတို့သည် ငါ့ပဋိညာဉ်ကို မစောင့်ထိန်းသောကြောင့် ငါသည် သူတို့ကို လျစ်လျူရှုထား၏ ဟု ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible ဤပဋိညာဉ်သည်သူတို့၏ဘိုးဘေးများအား လက်ဆွဲ၍ အီဂျစ်ပြည်မှ၊ငါထုတ်ဆောင်လာစဉ်အခါက သူတို့နှင့်ပြုခဲ့သည့်ပဋိညာဉ်နှင့်တူလိမ့်မည် မဟုတ်။ ထိုအခါကငါနှင့်ပြုခဲ့သည့်ပဋိညာဉ်ကို သူတို့ချိုးဖောက်ကြသဖြင့်၊ငါသည်သူတို့အား ဂရုမစိုက်ဘဲနေခဲ့၏။ Garrad Bible ဘိုး ဘေး များ ကို အိ ဂျစ် ပြည် မှ လက် ဆွဲ ထုတ် ဆောင် စဉ် ကာ လ ငါ ဖွဲ့ ရာ မ တည် နေ ကြ သ ဖြင့် သူ တို့ ကို ငါ အ ရေး မ ယူ သည့် ထို ပ ဋိ ညာဉ် အ တိုင်း မ ဟုတ် ဘဲ၊ မြန်မာ့စံမီသမ္မာကျမ်း ထိုပဋိညာဉ်သည် သူတို့ဘိုးဘေးများ၏လက်ကိုဆွဲ၍ အီဂျစ်ပြည်မှထုတ်ဆောင်လာစဉ်က သူတို့နှင့် ငါပြုခဲ့သောပဋိညာဉ်နှင့်တူလိမ့်မည်မဟုတ်။ သူတို့သည် ငါ၏ပဋိညာဉ်၌မတည်သောကြောင့် ငါသည်လည်း သူတို့ကိုလျစ်လျူရှုထား၏”ဟု ထာဝရဘုရားမိန့်တော်မူ၏။ |
ယေရှုသည် ထိုမျက်မမြင်ကို လက်ဆွဲ၍ မြို့ပြင်သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူ၏ မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ် လက်တော်တင်လျက် “တစ်စုံတစ်ရာကို မြင်သလော” ဟု မေးတော်မူ၏။
ယခု နားထောင်လော့။ ထာဝရဘုရား၏လက်တော်သည် သင့်ကို ဒဏ်ခတ်၍ သင်သည် အချိန်တစ်ခုကြာသည်အထိ မျက်စိကွယ်လျက် နေကိုမမြင်ရဘဲနေလိမ့်မည်” ဟု ဆို၏။ ချက်ချင်းပင် သူသည် အမြင်မှုန်ဝါးလာ၍ မှောင်မိုက်သွားသဖြင့် လက်တွဲခေါ်မည့်သူကို ရှာလျက်နေ၏။
သူသည် အီဂျစ်ပြည်နှင့်ပင်လယ်နီတွင်လည်းကောင်း၊ အနှစ်လေးဆယ်ပတ်လုံးတောကန္တာရတွင်လည်းကောင်း အံ့ဖွယ်ဖြစ်ရပ်များနှင့် နိမိတ်လက္ခဏာများကို ပြလျက် အစ္စရေးလူမျိုးတို့ကို အီဂျစ်ပြည်မှ ခေါ်ထုတ်လာ၏။
ရှောလုသည် မြေပြင်မှထ၍ မျက်စိကို ဖွင့်သော်လည်း မည်သည့်အရာကိုမျှ မမြင်ရပေ။ ထို့ကြောင့် ထိုသူတို့က သူ့အား တွဲခေါ်၍ ဒမတ်စကပ်မြို့သို့ ခေါ်ဆောင်သွားကြ၏။
ဤအကြောင်းအရာများသည် ပုံဆောင်ချက်များဖြစ်ကြ၏။ ဤအမျိုးသမီးနှစ်ဦးသည် ပဋိညာဉ်နှစ်ပါးကို ကိုယ်စားပြု၏။ ပထမအမျိုးသမီးသည် ဟာဂရဖြစ်ပြီး မွေးဖွားသည့်သားသမီးများမှာ ကျွန်ဖြစ်၏။ ထိုဟာဂရသည် သိနာတောင်မှ ဖြစ်သော ပဋိညာဉ်ကို ပုံဆောင်၏။