သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်နေသလော။ လုံးဝမဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရားသည် အသက်ကို ရှင်စေနိုင်လျှင် ထိုပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မှာ အသေအချာပင် ဖြစ်၏။
ဟေဗြဲ 8:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အကယ်၍ ပထမပဋိညာဉ်သည် အပြစ်ဆိုဖွယ်မရှိခဲ့လျှင် ဒုတိယပဋိညာဉ်ကို ဖွဲ့ရန် မလိုအပ်ပေ။ Common Language Bible အကယ်၍ပထမပဋိညာဉ်တော်တွင်အပြစ် ဆိုစရာရှိပါမူ၊ ဒုတိယပဋိညာဉ်တော်ကို ပြုတော်မူရန်လိုမည်မဟုတ်။- Garrad Bible ပ ထ မ ပ ဋိ ညာဉ် မ မှား ယွင်း လျှင် ဒု တိ ယ ပ ဋိ ညာဉ် ဖွဲ့ ရန် အ ကြောင်း မ ရှိ။ Judson Bible ပထမပဋိညာဉ်တရားသည်၊ အပြစ်တင်ခွင့်မရှိသည် မှန်လျှင်၊ ဒုတိယပဋိညာဉ်တရား တည်ရသောအခွင့်ကို အဘယ်ကြောင့်ရှာရသနည်း။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ပထမပဋိညာဉ်၌ အပြစ်တင်စရာမရှိခဲ့လျှင် ဒုတိယပဋိညာဉ်သည် လိုအပ်စရာအကြောင်းရှိခဲ့မည်မဟုတ်။ |
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ ကတိတော်နှင့် ဆန့်ကျင်နေသလော။ လုံးဝမဆန့်ကျင်ပေ။ အကယ်၍ ပညတ်တရားသည် အသက်ကို ရှင်စေနိုင်လျှင် ထိုပညတ်တရားကို လိုက်နာခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခြင်းခံရမည်မှာ အသေအချာပင် ဖြစ်၏။
အစ္စရေးလူမျိုးတို့သည် လေဝိအနွယ်မှ ဆင်းသက်သည့်ယဇ်ပုရောဟိတ်အမျိုးကို အခြေခံသောပညတ်တရားကို လက်ခံရရှိကြ၏။ ထို့ကြောင့် သူတို့သည် ဤလေဝိအနွယ်ယဇ်ပုရောဟိတ်အားဖြင့် ပြီးပြည့်စုံမှုကို ရရှိသည်မှန်လျှင် လေဝိအနွယ် အာရုန်နည်းတူမဟုတ်ဘဲ မေလခိဇေဒက်နည်းတူ အခြားယဇ်ပုရောဟိတ်တစ်ဦးပေါ်ထွန်းလာရန် အဘယ်ကြောင့် လိုအပ်သေးသနည်း။
ယခင်ပညတ်တရား၏ စည်းမျဉ်းသည် အားနည်း၍ ကောင်းကျိုးမပေးနိုင်သောကြောင့် ဖျက်သိမ်းခြင်းခံရ၏။
သို့သော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းယေရှုသည် ယခင်ယဇ်ပုရောဟိတ်များထမ်းဆောင်ရသောအမှုတာဝန်ထက် ပို၍ ကောင်းသောအမှုတာဝန်ကို လက်ခံရရှိသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် ပို၍ ကောင်းသောကတိတော်များပေါ်တွင် အခြေခံသည့် ပို၍ ကောင်းသောပဋိညာဉ်ကို ဘုရားသခင်နှင့် ကျွန်ုပ်တို့အကြားတွင် ကြားဝင်စေ့စပ်ပေးသောကြောင့်ဖြစ်၏။