ဤအရာမှာ သူတို့၏အပြစ်များကို ဖယ်ရှားသောအခါ သူတို့နှင့် ဖွဲ့မည့်ပဋိညာဉ်ဖြစ်၏” ဟု ရေးသားထား၏။
ဟေဗြဲ 8:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် သူတို့၏ မတရားမှုများကို ခွင့်လွှတ်ပြီး သူတို့၏ အပြစ်များကို မေ့ပစ်မည်” ဟူ၍ ဖြစ်၏။ Common Language Bible ငါသည်သူတို့၏အပြစ်များကိုဖြေလွှတ်၍ သူတို့၏ကူးလွန်မှုများကို သိမှတ်တော်မူမည်မဟုတ်'' ဟုမိန့်တော်မူ၏။- Garrad Bible သူ တို့၏ ဒု စ ရိုက် ကို ငါ သ နား၍ အ ပြစ် ကို လည်း မှတ် ထား တော့ မည် မ ဟုတ် ဟု မိန့် တော် မူ၏။ Judson Bible ထိုအခါငါသည် သူတို့အပြစ်များကို သည်းခံမည်။ သူတို့ပြစ်မှားခြင်း၊ လွန်ကျူးခြင်းများကို မအောက်မေ့ဘဲနေမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ငါသည် သူတို့၏မတရားမှုများအပေါ်ကရုဏာထား၍ သူတို့၏အပြစ်များကို လုံးဝသတိရတော့မည်မဟုတ်”ဟု မိန့်တော်မူ၏။ |
ဤအရာမှာ သူတို့၏အပြစ်များကို ဖယ်ရှားသောအခါ သူတို့နှင့် ဖွဲ့မည့်ပဋိညာဉ်ဖြစ်၏” ဟု ရေးသားထား၏။
ဘုရားသခင်၏ ကျေးဇူးတော် ကြွယ်ဝလှသဖြင့် ကျွန်ုပ်တို့သည် သားတော်နှင့် သားတော်၏ အသွေးတော်အားဖြင့် ရွေးနုတ်ခံကြရ၏။ ထိုရွေးနုတ်ခြင်းသည် အပြစ်ခွင့်လွှတ်ခြင်းပင် ဖြစ်၏။
ကျွန်ုပ်တို့သည်လည်း ထိုသားတော်ပြုသော အမှုကြောင့် ရွေးနုတ်ခြင်းကို ခံစားရ၍ အပြစ်ခွင့်လွှတ်ခြင်းကို ခံရကြ၏။
ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့် ငြိမ်းချမ်းခြင်းသည် သင်တို့အပေါ် သက်ရောက်ပါစေသော။ ယေရှုခရစ်တော်သည် သစ္စာရှိသောသက်သေခံ၊ သေခြင်းမှ အဦးဆုံးထမြောက်သောသူ၊ လောကီဘုရင်တို့၏မင်း ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကျွန်ုပ်တို့ကို ချစ်၍ အသေခံတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အပြစ်များမှ လွတ်မြောက်စေတော်မူ၏။