သူခိုးသည် ခိုးဝှက်ရန်၊ သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်အတွက်သာ လာ၏။ ငါသည် သိုးတို့ကို အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာ ရရှိစေရန်လည်း လာ၏။
ဟေဗြဲ 6:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ဘုရားသခင်သည် မိမိအကြံအစည်တော်ကို ပြောင်းလဲမည်မဟုတ်ကြောင်း ကတိထားတော်မူသောအရာကို ရရှိမည့်သူများအား ဖော်ပြရန် သစ္စာဆို၍ အာမခံတော်မူ၏။ Common Language Bible ဘုရားသခင်သည်မိမိအကြံအစည်တော် ကိုပြောင်းလဲတော်မူမည်မဟုတ်ကြောင်းကို ကတိတော်ဆိုင်ရာဆုကျေးဇူးများခံယူရ မည့်သူတို့အားပွင့်လင်းထင်ရှားစွာဖော်ပြ တော်မူလို၏။ သို့ဖြစ်၍ကိုယ်တော်သည်တိုင် တည်ကျိန်ဆိုခြင်းအားဖြင့်ကတိပြုတော် မူခြင်းဖြစ်ပေသည်။- Garrad Bible ဘု ရား သ ခင် လည်း က တိ ထား ချက် အ တိုင်း အ မွေ ခံ ရ သူ တို့ အား အ ကြံ တော် တည် မြဲ ကြောင်း ဖော် ပြ လို၍ သ စ္စာ ထား ချက် ဖြင့် အာ မ ခံ တော် မူ ၏။ Judson Bible ထိုကြောင့်၊ ကတိတော်ကို အမွေခံရသောသူတို့သည်၊ ဘုရားသခင်၏ အကြံအစည်တော် မဖောက်ပြန်နိုင်ကြောင်းကို အတပ်သိစေခြင်းငှာ၊ ဘုရားသခင်သည် အကျိန်အားဖြင့် အာမခံတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုနည်းတူ ဘုရားသခင်သည် မိမိအကြံအစည်တော်မပြောင်းလဲနိုင်ကြောင်း ကတိတော်ကိုအမွေဆက်ခံသူများအား ပိုမိုထင်ရှားစွာပြလို၍ ကတိသစ္စာပြုခြင်းဖြင့် အာမခံတော်မူ၏။ |
သူခိုးသည် ခိုးဝှက်ရန်၊ သတ်ဖြတ်ရန်နှင့် ဖျက်ဆီးရန်အတွက်သာ လာ၏။ ငါသည် သိုးတို့ကို အသက်ကို ရရှိစေရန်သာမက ထိုအသက်ကို ကြွယ်ဝပြည့်စုံစွာ ရရှိစေရန်လည်း လာ၏။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် မိမိပေးသနားတော်မူသော ဆုကျေးဇူးများနှင့် ခေါ်ယူခြင်းတို့ကို ပြန်၍ရုပ်သိမ်းတော်မမူတတ်သောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့သည် ဘုရားသခင်၏ သားသမီးများ ဖြစ်သောကြောင့် အမွေခံများလည်း ဖြစ်ကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အမွေခံများ ဖြစ်ကြ၏။ ကိုယ်တော်နှင့်အတူ ဆင်းရဲဒုက္ခကို ခံရလျှင် ကိုယ်တော်နှင့်အတူ ဘုရားသခင်၏ ဘုန်းအသရေကိုလည်း ခံစားကြရမည် ဖြစ်၏။
သင်တို့သည် ခရစ်တော်နှင့် သက်ဆိုင်လျှင် အာဗြဟံ၏ အမျိုးအနွယ်ပင် ဖြစ်၍ ဘုရားသခင်ကတိပြုတော်မူသည့်အတိုင်း အမွေခံများဖြစ်ကြ၏။
အရာအားလုံးကို မိမိအလိုတော်နှင့်ညီသော အကြံအစည်တော်အတိုင်း လုပ်ဆောင်တော်မူသည့်ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ရှေးယခင်ကပင် ကြိုတင်သတ်မှတ်တော်မူသည့်အတိုင်း မိမိ၏အမွေခံများအဖြစ် ရွေးချယ်တော်မူ၏။
မမြင်ရသေးသောအဖြစ်အပျက်များကို ဘုရားသခင် ဖော်ပြတော်မူသောအခါ နောဧသည် ယုံကြည်သဖြင့် ကြောက်ရွံ့ရိုသေလျက် မိမိ၏မိသားစုကို ကယ်တင်ရန် သင်္ဘောကို ဆောက်လုပ်ခဲ့၏။ သူသည် မိမိ၏ယုံကြည်ခြင်းဖြင့် လောကီသားတို့၏ အပြစ်ကို စီရင်၍ ယုံကြည်ခြင်းကြောင့် ရရှိသော ဖြောင့်မတ်ခြင်းကို အမွေခံခဲ့၏။
ဘုရားသခင် ကတိထားတော်မူသောပြည်၌ အာဗြဟံသည် ယုံကြည်ခြင်းဖြင့် တိုင်းတစ်ပါးသားကဲ့သို့ တည်းခိုလေ၏။ သူသည် တဲများ၌ နေထိုင်ခဲ့၏။ ဘုရားသခင်ပေးသော ကတိတော်ကို အတူတကွ အမွေခံရသူများဖြစ်ကြသော ဣဇာက်နှင့် ယာကုပ်တို့သည်လည်း အာဗြဟံကဲ့သို့ တဲ၌ နေထိုင်ကြ၏။
ဤသို့ဖြင့် သင်တို့သည် ပျင်းရိသောသူများမဖြစ်ဘဲ ကတိထားတော်မူသောအရာကို ယုံကြည်ခြင်းနှင့် စိတ်ရှည်ခြင်းတို့ဖြင့် ရရှိသောသူတို့အား အတုယူရန်ဖြစ်၏။
လူတို့သည် မိမိတို့ထက် ကြီးမြတ်သူကို တိုင်တည်၍ သစ္စာဆိုတတ်ကြပြီး ထိုသို့သစ္စာဆိုအတည်ပြုခြင်းဖြင့် အငြင်းပွားမှုအားလုံးကို ဖြေရှင်းတတ်ကြ၏။
ဘုရားသခင်သည် မည်သည့်အခါမျှ မုသားမပြောသောကြောင့် မပြောင်းလဲသောအရာနှစ်ခုဖြစ်သည့် ကတိပြုခြင်းနှင့် သစ္စာဆိုခြင်းတို့ကို ပြုတော်မူ၏။ ထို့ကြောင့် ဘုရားသခင်ထံ ခိုလှုံရာရှာသော ကျွန်ုပ်တို့သည် ဘုရားသခင်ပေးသနားတော်မူသော မျှော်လင့်ချက်ကို စွဲမြဲစွာခံယူထားနိုင်ရန် အထူးယုံကြည်စိတ်ချကြ၏။
ကောင်းမြတ်သောဆုကျေးဇူးနှင့် ပြီးပြည့်စုံသောလက်ဆောင်များ အားလုံးသည် ကောင်းကင်အလင်များကို ဖန်ဆင်းသော အဖဘုရားသခင်ထံမှ ရောက်လာသည်ဖြစ်၍ အထက်အရပ်မှ ဖြစ်ကြ၏။ ကိုယ်တော်သည် ရွေ့လျားတတ်သောအရိပ်များကဲ့သို့ ပြောင်းလဲတော်မမူ။
ချစ်ခင်ရသော ညီအစ်ကိုမောင်နှမတို့… နားထောင်ကြလော့။ ဘုရားသခင်သည် ဤလောကတွင် ဆင်းရဲသောသူတို့ကို ယုံကြည်ခြင်း၌ ကြွယ်ဝစေ၍ မိမိကိုချစ်သောသူတို့အတွက် ကတိထားတော်မူသည့် နိုင်ငံတော်ကို အမွေဆက်ခံသူများဖြစ်စေရန် ရွေးချယ်တော်မူသည်မဟုတ်လော။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။
ထိုနည်းတူ ခင်ပွန်းသည်တို့… သင်တို့၏ဇနီးသည်သည် ထာဝရအသက်ကျေးဇူးတော်ကို သင်တို့နှင့်အတူတကွ အမွေခံရသူကဲ့သို့ဖြစ်ပြီး အားနွဲ့သောမိန်းမသားဖြစ်ကြောင်း သိမှတ်နားလည်၍ တန်ဖိုးထားပေါင်းသင်းကြလော့။ ဤသည်မှာ သင်တို့၏ ဆုတောင်းခြင်းကို အတားအဆီးမရှိစေရန် ဖြစ်၏။