ငါသည် ခမည်းတော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ့ပညတ်တို့ကို လိုက်နာလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
ဟေဗြဲ 3:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ် သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိအား ခန့်ထားတော်မူသော ဘုရားသခင်အပေါ် သစ္စာရှိတော်မူ၏။ Common Language Bible မောရှေသည်ဘုရားသခင်၏အိမ်တော်၌မိမိ ထမ်းဆောင်ရမည့်အလုပ်တွင် သစ္စာစောင့်သကဲ့ သို့သခင်ယေရှုသည်လည်းမိမိအား ဤအလုပ် တာဝန်ကိုပေးအပ်တော်မူသောဘုရားသခင် အားသစ္စာစောင့်တော်မူ၏။- Garrad Bible ဘု ရား သ ခင်၏ တစ် အိမ် တော် လုံး၌ မော ရှေ သည် သ စ္စာ စောင့် သ ကဲ့ သို့ ထို အ ရှင် လည်း ခန့် ထား တော် မူ သော ဘု ရား သ ခင် ရှေ့ သ စ္စာ စောင့် တော် မူ ၏။ Judson Bible မောရှေသည် ဘုရားသခင်၏ အိမ်တော်တစ်အိမ်လုံး၌ သစ္စာစောင့်သကဲ့သို့၊ ယေရှုသည် မိမိကို ခန့်ထားတော်မူသောသူ၏ အမှုတော်၌ သစ္စာစောင့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း မောရှေသည် ဘုရားသခင်၏အိမ်တော်တစ်ခုလုံးအပေါ်သစ္စာရှိသကဲ့သို့ ယေရှုသည်လည်း မိမိကိုခန့်ထားသောဘုရားသခင်အပေါ်သစ္စာရှိတော်မူ၏။ |
ငါသည် ခမည်းတော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ့ပညတ်တို့ကို လိုက်နာလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
အကျွန်ုပ်သည် ကိုယ်တော်မှာကြားတော်မူသမျှတို့ကို ပြီးမြောက်စေ၍ ဤလောကတွင် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေပါပြီ။
မိမိခံယူချက်အတိုင်း ဟောပြောသောသူသည် မိမိဘုန်းအသရေကို ရှာတတ်၏။ သို့သော် မိမိကို စေလွှတ်တော်မူသောအရှင်၏ ဘုန်းအသရေကို ရှာသောသူသည် ဖြောင့်မှန်သောသူဖြစ်ပြီး မလိမ်ညာတတ်။
ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူ ရှိတော်မူ၏။ ငါသည် ထိုအရှင်၏ စိတ်တော်နှင့် တွေ့သောအရာကိုသာ အစဉ်လုပ်ဆောင်သဖြင့် ထိုအရှင်သည် ငါ့ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
သင်တို့သည်လည်း ခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ဝိညာဉ်တော်အားဖြင့် ဘုရားသခင် စံမြန်းတော်မူရာနေရာအဖြစ် အခြားသူတို့နှင့်အတူ တည်ဆောက်ခံရလျက် ရှိကြ၏။
ကျွန်ုပ်ကို ခွန်အားပေးတော်မူသော ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ကျွန်ုပ်ကို ယုံကြည်ထိုက်သူဟု မှတ်ယူကာ အမှုတော်ကို ဆောင်ရွက်ရန် ခန့်အပ်ထားသောကြောင့် ထိုသခင်ကို ကျွန်ုပ်ကျေးဇူးတင်၏။
သို့မှသာ ကျွန်ုပ်၏ခရီး ကြန့်ကြာနေခဲ့လျှင်လည်း ဘုရားသခင်၏ အိမ်တော်တွင် မည်သို့ ပြုမူရမည်ကို သင်သိနိုင်မည်။ ထိုအိမ်တော်သည် အသက်ရှင်သောဘုရားသခင်၏ အသင်းတော်ဖြစ်ပြီး သမ္မာတရား၏ မဏ္ဍိုင်နှင့် အုတ်မြစ်လည်း ဖြစ်၏။
ထို့ကြောင့် ကိုယ်တော်သည် အရာရာတိုင်း၌ မိမိညီအစ်ကိုမောင်နှမတို့နှင့် တူရ၏။ ဤနည်းဖြင့် ကိုယ်တော်သည် လူတို့၏အပြစ်များကို ဖြေလွှတ်ပေးရန် ဘုရားသခင်၏အမှုတော်တွင် ကရုဏာနှင့် သစ္စာရှိသော ယဇ်ပုရောဟိတ်မင်းဖြစ်လာရ၏။