ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နိုင်ရန်နှင့် ကတိထားသောအရာကို ရရှိနိုင်ရန် သင်တို့သည် သည်းခံစိတ်မွေးရမည်။
ဟေဗြဲ 11:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းကြောင့် ချီးကျူးခံရသော်လည်း ဘုရားသခင်ကတိပြုတော်မူသည့်အရာကို မရရှိခဲ့ကြပေ။ Common Language Bible ဤသူအပေါင်းတို့သည်မိမိတို့၏ယုံကြည် ခြင်းကြောင့်ဂုဏ်ပြုချီးမွမ်းခြင်းကိုခံကြရ၏။ သို့ရာတွင်သူတို့သည်ဘုရားသခင်ကတိ ထားတော်မူသောကောင်းကျိုးချမ်းသာများ ကိုမခံစားကြရ။- Garrad Bible ထို သူ ရှိ သ မျှ တို့ သည် ယုံ ကြည် ခြင်း ကြောင့် အ သ ရေ ရ သော် လည်း ငါ တို့ မ ပါ ဘဲ စုံ လင် ရာ မ ရောက် နှင့် ကြ စေ ရန် လွန် ကဲ သော အ ကျိုး ကို ငါ တို့ အ ဖို့ ဘု ရား သ ခင် တင် ကူး စီ မံ တော် မူ သော ကြောင့် က တိ တော် အ တိုင်း မ ခံ စား ကြ ရ သေး။ Judson Bible ထိုသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ကတိတော်အတိုင်း အကျိုးကျေးဇူးကို မခံရကြ။- မြန်မာ့စံမီသမ္မာကျမ်း ဤသူအပေါင်းတို့သည် ယုံကြည်ခြင်းအားဖြင့် ချီးကျူးခံရကြသော်လည်း ကတိပေးတော်မူသောအရာကို မရရှိခဲ့ကြချေ။ |
ဘုရားသခင်၏အလိုတော်ကို ဆောင်ရွက်နိုင်ရန်နှင့် ကတိထားသောအရာကို ရရှိနိုင်ရန် သင်တို့သည် သည်းခံစိတ်မွေးရမည်။
ဤလူအပေါင်းတို့သည် ယုံကြည်လျက် သေလွန်ကြ၏။ သူတို့သည် ဘုရားသခင်ကတိပြုတော်မူသည့်အရာများကို မရရှိခဲ့သော်လည်း အဝေးကပင် မြင်၍ ကြိုဆိုခဲ့ကြ၏။ သူတို့သည် ဤလောကတွင် ခေတ္တတည်းခိုသူများ၊ ဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံခဲ့ကြ၏။
ထိုသို့သောယုံကြည်ခြင်းမျိုး ရှိသဖြင့် ရှေးလူကြီးတို့သည် ဘုရားသခင်၏ ချီးကျူးတော်မူခြင်းကို ခံခဲ့ကြရ၏။
ဤသို့ဖြင့် ရွေးချယ်ခြင်းခံရသူများသည် ဘုရားသခင် ကတိပြုတော်မူသော ထာဝရအမွေကို ရရှိနိုင်ရန် ခရစ်တော်သည် ပဋိညာဉ်သစ်၏ ကြားဝင်စေ့စပ်သူဖြစ်တော်မူ၏။ အကြောင်းမှာ ခရစ်တော်သည် ထိုပထမပဋိညာဉ်အောက်တွင် လူတို့ကျူးလွန်ခဲ့သော အပြစ်များကို လွတ်မြောက်စေရန် အသေခံတော်မူခဲ့သောကြောင့်ဖြစ်၏။
သူတို့စူးစမ်းသောအရာများသည် သူတို့ကိုယ်တိုင်အတွက်မဟုတ်ဘဲ သင်တို့အတွက်ဖြစ်ကြောင်း သူတို့အား ဘုရားသခင်ဖော်ပြတော်မူ၏။ သင်တို့အား သတင်းကောင်းကို ဟောပြောသောသူတို့သည် ကောင်းကင်ဘုံမှ စေလွှတ်တော်မူခြင်းခံရသည့် သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့် ဤအရာများကို ပြောကြ၏။ ကောင်းကင်တမန်များပင်လျှင် ဤအရာများကို သိရှိနားလည်လိုကြ၏။