သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ အကျိုးမဲ့ပြောဆိုသောစကားများအတွက် တရားစီရင်သောနေ့ရက်တွင် ဖြေရှင်းချက်ပေးရလိမ့်မည်။
ဟေဗြဲ 11:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် လူသေများကိုပင် ထမြောက်စေနိုင်ကြောင်း အာဗြဟံသည် ဆင်ခြင်သုံးသပ်ခဲ့၏။ ပုံဥပမာအားဖြင့် ဆိုရလျှင် ဣဇာက်ကို သေခြင်းမှ ပြန်လည်ရရှိခဲ့၏။ Common Language Bible ဣဇာက်အားသေရာမှဘုရားသခင်ပြန်၍ ရှင်စေတော်မူနိုင်ကြောင်းကိုသူသည်မှတ်ယူ ၏။ အမှန်စင်စစ်အားဖြင့်သူသည်မိမိ၏ သားကိုသေရာမှပြန်၍ရသည်ဟုဆိုနိုင် လေသည်။ Judson Bible ထိုသို့ပူဇော်သောအခါ သေခြင်းမှ ထမြောက်စေခြင်းငှာ၊ ဘုရားသခင် တတ်နိုင်တော်မူသည်ကို သူသည်အောက်မေ့၏။ ထိုသားကို ပုံစကားအားဖြင့် သေခြင်းထဲကရ၏။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် သေလွန်သောသူတို့ကိုပင် ထမြောက်စေနိုင်သည်ဟု သူသည်မှတ်ယူလျက် ထိုသို့ပူဇော်၏။ ပုံဥပမာအဖြစ်ဆိုရလျှင် သူသည် ထိုသားကို သေသောသူတို့ထဲမှ ပြန်ရခဲ့၏။ |
သင်တို့အား ငါပြောဆိုသည်မှာ သင်တို့၏ အကျိုးမဲ့ပြောဆိုသောစကားများအတွက် တရားစီရင်သောနေ့ရက်တွင် ဖြေရှင်းချက်ပေးရလိမ့်မည်။
ယေရှုသည် အိမ်ထဲသို့ဝင်တော်မူသောအခါ မျက်မမြင်နှစ်ယောက်သည် ကိုယ်တော်ထံသို့ လာကြ၏။ ယေရှုက “ငါသည်သင်တို့ကို မြင်စေနိုင်မည်ဟု ယုံကြည်ကြသလော” ဟူ၍ မေးတော်မူ၏။ သူတို့က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။
မည်သို့ပင်ဖြစ်စေ အာဒံလက်ထက်မှစ၍ မောရှေလက်ထက်တိုင်အောင် သေခြင်းတရားသည် အစိုးရ၏။ ဘုရားသခင်၏ပညတ်တော်ကို အာဒံချိုးဖောက်၍ အပြစ်ကျူးလွန်သည့်နည်းတူ မကျူးလွန်ခဲ့သောသူတို့ပင် သေကြရ၏။ အာဒံသည် နောင်အခါ ပေါ်ထွန်းလာမည့် ခရစ်တော်၏ နမူနာပုံဖြစ်၏။
ကျွန်ုပ်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော တန်ခိုးတော်ကြောင့် ကျွန်ုပ်တို့ တောင်းလျှောက်သမျှသောအရာ၊ ကြံစည်သမျှသောအရာတို့ထက် အဆပေါင်းများစွာ ပေးနိုင်သော ဘုရားသခင်သည်
ခရစ်တော်သည် စစ်မှန်သောအရာ၏ ပုံတူသာဖြစ်သည့် လူတို့လက်ဖြင့် ပြုလုပ်ထားသော သန့်ရှင်းရာဌာနတော်ထဲသို့ ဝင်တော်မမူဘဲ ကျွန်ုပ်တို့ကိုယ်စား ဘုရားသခင်ရှေ့တော်၌ ထင်ရှားရန် ကောင်းကင်ဘုံသို့ ဝင်တော်မူ၏။
ဤအခြင်းအရာတို့သည် မျက်မှောက်ခေတ်ကို ဖော်ညွှန်းသည့် ပုံဥပမာဖြစ်၏။ ယဇ်ပုရောဟိတ်များ ပူဇော်သည့် ထိုအပြစ်ဖြေရာယဇ်များနှင့် ပူဇော်စရာများက ဝတ်ပြုသူတို့အား မိမိတို့ ပြီးပြည့်စုံပြီဟူ၍ လိပ်ပြာသန့်သန့်ခံယူစေနိုင်စွမ်းမရှိကြပေ။