ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
လုကာ 9:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူထုထဲမှ အမျိုးသားတစ်ဦးက “ဆရာတော်… အကျွန်ုပ်၏သားကို ကြည့်ရှုပေးရန် တောင်းပန်ပါ၏။ သူသည် အကျွန်ုပ်၏တစ်ဦးတည်းသောသား ဖြစ်ပါ၏။ Common Language Bible ပရိသတ်ထဲမှလူတစ်ယောက်က ``ဆရာတော်၊ အကျွန်ုပ်၏သားကိုကြည့်ရှုတော်မူရန်တောင်း ပန်ပါ၏။ သူသည်အကျွန်ုပ်၏တစ်ဦးတည်းသော သားဖြစ်ပါ၏။- Garrad Bible ပ ရိ သတ် ပါ သူ တစ် ယောက် က ဆ ရာ၊ အ ကျွန်ုပ်၏ ဧ က ပု တ္တ သား ကို ရှု ကြည့် တော် မူ ရန် တောင်း ပန် ပါ သည်။ Judson Bible လူအစုအဝေး၌ ပါသောသူတစ်ယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်ရှုတော်မူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၌ သားတစ်ယောက်တည်း ရှိပါ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူထုပရိသတ်ထဲမှ လူတစ်ဦးက “ဆရာ၊ အကျွန်ုပ်၏သားကိုကြည့်ရှုပေးပါရန် အကျွန်ုပ်တောင်းပန်ပါ၏။ အကြောင်းမူကား သူသည် အကျွန်ုပ်၏တစ်ဦးတည်းသောသားဖြစ်ပါ၏။ မြန်မာ လူအစုအဝေး၌ ပါသောသူတစ်ယောက်က၊ အရှင်ဘုရား၊ အကျွန်ုပ်၏သားကို ကြည့်ရှုတော်မူမည်အကြောင်း အကျွန်ုပ်တောင်းပန်ပါ၏။ အကျွန်ုပ်၌ သားတစ်ယောက်တည်း ရှိပါ၏။- |
ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
ယေရှုသည် မြို့အဝင်တံခါးအနီးသို့ ရောက်သောအခါ လူတို့သည် လူသေအလောင်းတစ်လောင်းကို သင်္ဂြိုဟ်ရန် မြို့ပြင်သို့ ထုတ်ဆောင်လာကြ၏။ ထိုလူသေသည် မုဆိုးမတစ်ဦး၏တစ်ဦးတည်းသော သားဖြစ်၏။ မြို့သူမြို့သားတို့သည်လည်း ထိုမုဆိုးမနှင့်အတူ လိုက်ပို့ကြ၏။
နောက်တစ်နေ့တွင် ယေရှုနှင့် တပည့်တော်တို့ တောင်ပေါ်မှ ဆင်းလာသောအခါ လူအုပ်ကြီးသည် ယေရှုအား ကြိုဆိုနှုတ်ဆက်ကြ၏။
နတ်ဆိုးဝင်ပူးသဖြင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါ၏။ သူ၏ ပါးစပ်မှ အမြှုပ်များထွက်သည်တိုင်အောင် နတ်ဆိုးသည် သူ့ကို တက်စေပါ၏။ သူ့ကို ကုတ်ဖဲ့နာကျင်စေပြီး သူ့အထဲမှ အလွန်ထွက်ခဲပါ၏။
ယုဒပြည်မှ ဂါလိလဲပြည်သို့ ယေရှုကြွလာတော်မူကြောင်းကို ထိုအမတ် ကြားသောအခါ ယေရှုထံတော်သို့ သွားလျက် “အကျွန်ုပ်၏သားသည် သေလုနီးပြီ။ ကပေရနောင်သို့ ကြွ၍ အကျွန်ုပ်၏သားကို ကုသပေးတော်မူပါ” ဟု တောင်းပန်လေ၏။