သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
လုကာ 9:23 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ပရိသတ်အပေါင်းတို့အား “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။ Common Language Bible ထိုနောက်ကိုယ်တော်ကလူအပေါင်းတို့အား ``ငါ့ တပည့်ဖြစ်လိုသူသည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ်တိုင်ကိုနေ့စဉ်ထမ်း၍ငါ့ နောက်သို့လိုက်ရမည်။- Garrad Bible ၎င်း ပြင် ရှိ သ မျှ တို့ အား ကိုယ် တော် က မည် သူ မ ဆို ငါ့ နောက် လိုက် လို လျှင် ကိုယ် ကို ငြင်း ပယ်၍ နေ့ စဉ် ကိုယ့် ကား တိုင် ကို ထမ်း လျက် လိုက် စေ။ Judson Bible ထိုမှတစ်ပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် လူအပေါင်းတို့အား“မည်သူမဆို ငါ့နောက်သို့လိုက်လိုလျှင် မိမိကိုယ်ကိုငြင်းပယ်ပြီး မိမိ၏လက်ဝါးကပ်တိုင်ကို နေ့စဉ်ထမ်းလျက် ငါ့နောက်သို့လိုက်ရမည်။ မြန်မာ ထိုမှတစ်ပါး၊ လူအပေါင်းတို့အား မိန့်တော်မူသည်ကား၊ ငါ၌ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ် ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကို နေ့တိုင်းထမ်း၍ ငါ့နောက်သို့လိုက်ရမည်။- |
သင်တို့သည် လူ့ဗီဇစိတ်၏ အလိုအတိုင်း အသက်ရှင်လျှင် သေကြရလိမ့်မည်။ သို့သော် လူ့ဗီဇစိတ်၏ အကျင့်တို့ကို ဝိညာဉ်တော်အားဖြင့် အဆုံးသတ်လျှင်မူ အသက်ရှင်ကြလိမ့်မည်။
ထို့ကြောင့် တရားနှင့်မညီသော မေထုန်ပြုခြင်း၊ စက်ဆုပ်ညစ်ညမ်းခြင်း၊ ကိလေသာစိတ် ပြင်းပြခြင်း၊ မကောင်းမှုကို တပ်မက်ခြင်း၊ ရုပ်တုကိုးကွယ်ခြင်းဟူသော လောဘလွန်ကြူးခြင်း စသည့် လောကီဆိုင်ရာအကျင့်တို့ကို အဆက်ဖြတ်ကြလော့။
အမှန်ပင် ယေရှုခရစ်တော်ကို ယုံကြည်၍ ဘုရားတရားကိုင်းရှိုင်းလျက် နေထိုင်လိုသူတိုင်း ညှဉ်းပန်းနှိပ်စက်ခံရလိမ့်မည်။
ဤကျေးဇူးတော်သည် ကျွန်ုပ်တို့အား ဘုရားတရားမဲ့ခြင်းနှင့် လောကီတပ်မက်ခြင်းကို ငြင်းပယ်၍ မိမိကိုယ်ကိုယ်ချုပ်တည်းခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဘုရားတရားကိုင်းရှိုင်းခြင်းတို့ဖြင့် နေထိုင်ရန် သွန်သင်ပေး၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် စခန်းအပြင်ဘက်သို့ ထွက်ကာ ကိုယ်တော်ထံ သွား၍ ကိုယ်တော်ခံရသော ကဲ့ရဲ့ရှုတ်ချခြင်းကို ခံကြစို့။