ယေရှုသည် ထိုသတင်းကို ကြားသောအခါ ထိုနေရာမှ ထွက်ခွာ၍ လှေကို စီးလျက် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၏။ သို့သော် လူထုပရိသတ်တို့သည် ယေရှုကြွတော်မူကြောင်းကို ကြားသိသဖြင့် မြို့ရွာများမှထွက်၍ ကုန်းကြောင်းဖြင့် လိုက်ကြ၏။
လုကာ 9:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ညနေခင်းရောက်သောအခါ တပည့်တော်ဆယ့်နှစ်ပါးတို့သည် ယေရှုထံသို့ ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသည့်နေရာဖြစ်၏။ သို့ဖြစ်၍ လူထုပရိသတ်တို့သည် ပတ်ဝန်းကျင်အနီးရှိ ကျေးလက်ဒေသများသို့ သွား၍ တည်းခိုရာနေရာနှင့် အစားအသောက် ရှာနိုင်ရန် သူတို့အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။ Common Language Bible မိုးချုပ်စပြုသောအခါတစ်ကျိပ်နှစ်ပါးသော တမန်တော်တို့သည်ကိုယ်တော်၏ထံသို့လာ၍ ``ဤ လူပရိသတ်ကိုပတ်ဝန်းကျင်ကျေးလက်နှင့်တော ရွာများသို့သွား၍ တည်းခိုရန်နေရာနှင့်အစား အစာကိုရှာစေတော်မူပါ။ ဤအရပ်သည်လူ သူနှင့်ဝေးရာအရပ်ဖြစ်ပါ၏'' ဟုလျှောက် ထားကြ၏။ Garrad Bible နေ့ ကုန် လု သော် တစ် ဆယ့် နှစ် ပါး တို့ သည် ချဉ်း ကပ်၍ ပတ် ဝန်း ကျင် ရှိ မြို့ ရွာ များ သို့ သွား ရောက် တည်း ခို လျက် စား နပ် ရိ က္ခာ ရ ယူ ကြ စေ ရန် လူ ပ ရိ သတ် ကို လွှတ် တော် မူ ပါ။ ယ ခု နေ ရာ တော အ ရပ် ဖြစ် ပါ သည် ဟု လျှောက် ကြ လျင်၊ Judson Bible မိုးချုပ်သောအခါ တစ်ကျိပ်နှစ်ပါးသောသူတို့သည် ချဉ်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှာ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ဟု လျှောက်ကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ညနေစောင်းသောအခါ တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လျက် “အကျွန်ုပ်တို့ရှိနေသောဤအရပ်သည် လူသူကင်းဝေးရာအရပ်ဖြစ်သောကြောင့် လူထုပရိသတ်တို့သည် ဝန်းကျင်ရှိ ကျေးလက်တောရွာများသို့သွား၍ တည်းခိုနိုင်ရန်နှင့် အစားအစာများရရှိနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။ မြန်မာ မိုးချုပ်သောအခါ တစ်ကျိပ်နှစ်ပါးသောသူတို့သည် ချဉ်းကပ်လျက်၊ လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့သွား၍၊ အိပ်ရာ၊ စားစရာကို ရှာစေခြင်းငှာ အခွင့်ပေးတော်မူပါ။ ဤအရပ်သည် တောအရပ်ဖြစ်ပါ၏ဟု လျှောက်ကြလျှင်၊- |
ယေရှုသည် ထိုသတင်းကို ကြားသောအခါ ထိုနေရာမှ ထွက်ခွာ၍ လှေကို စီးလျက် ဆိတ်ငြိမ်သောအရပ်သို့ ကြွတော်မူ၏။ သို့သော် လူထုပရိသတ်တို့သည် ယေရှုကြွတော်မူကြောင်းကို ကြားသိသဖြင့် မြို့ရွာများမှထွက်၍ ကုန်းကြောင်းဖြင့် လိုက်ကြ၏။
သို့သော်လည်း ယေရှုသည် သူ့အား စကားတစ်ခွန်းမျှ တုံ့ပြန်တော်မမူဘဲ နေတော်မူ၏။ ထိုအခါ တပည့်တော်တို့သည် ယေရှုထံတော်သို့ချဉ်းကပ်၍ “ဤအမျိုးသမီးအား ပြန်စေတော်မူပါ။ သူသည် အကျွန်ုပ်တို့နောက်မှ လိုက်ကာ အော်ဟစ်၍ အနှောင့်အယှက်ဖြစ်စေပါသည်” ဟု လျှောက်ကြ၏။
ထိုအခါ ယေရှုသည် တပည့်တော်တို့ကို ခေါ်၍ “ဤလူတို့ကို ငါသနား၏။ သူတို့သည် သုံးရက်တိုင်တိုင် ငါနှင့်အတူ ရှိကြပြီ။ သူတို့ထံ၌ မည်သည့်စားစရာမျှ မရှိ။ လမ်းတွင် အားပြတ်မည်ကိုစိုးရိမ်ရသောကြောင့် သူတို့ကို စားစရာမကျွေးဘဲ မပြန်စေလိုပါ” ဟု မိန့်တော်မူ၏။
ကိုယ်တော်ကြွတော်မူကြောင်းကို လူထုပရိသတ်တို့သည် ကြားသိသဖြင့် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အား ကြိုဆို၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်တော်မူ၏။ ဖျားနာသောသူများကိုလည်း ကျန်းမာစေတော်မူ၏။
သို့သော် ယေရှုက “ထိုသူတို့အတွက် စားစရာကို သင်တို့ပေးကြလော့” ဟု မိန့်တော်မူ၏။ တပည့်တော်တို့ကလည်း “အကျွန်ုပ်တို့၌ မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်သာ ရှိပါသည်။ ဤလူအားလုံးအတွက် အစားအစာများကို သွား၍ ဝယ်ရပါမည်လော” ဟု လျှောက်ကြ၏။
ထို့နောက် ယေရှုသည် တိဗေရိအိုင်ဟုလည်း ခေါ်သော ဂါလိလဲအိုင် တစ်ဖက်ကမ်းသို့ ကူးတော်မူ၏။
အဘယ်ကြောင့်ဆိုသော် သင်တို့၏ ဆုတောင်းခြင်းနှင့် ယေရှုခရစ်တော်၏ ဝိညာဉ်တော်ကူညီမစခြင်းတို့ဖြင့် ဤအခြေအနေမှ ကျွန်ုပ်လွတ်မြောက်မည်ကို သိသောကြောင့် ဖြစ်၏။