သို့သော် ကိုယ်တော်သည် ထိုလူအုပ်ကို အပြင်သို့ ထွက်စေပြီးနောက် အထဲသို့ဝင်တော်မူ၍ မိန်းကလေး၏ လက်ကို ကိုင်တော်မူလျှင် ထိုမိန်းကလေးသည် ထလေ၏။
လုကာ 8:54 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကိုယ်တော်သည် ထိုမိန်းကလေး၏လက်ကို ကိုင်လျက် “သမီး… ထလော့” ဟု ခေါ်တော်မူ၏။ Common Language Bible ကိုယ်တော်သည်သူငယ်မ၏လက်ကိုဆုပ်ကိုင် ကာ ``ကလေးမ၊ ထလော့'' ဟုမိန့်တော်မူ၏။- Garrad Bible ကိုယ် တော် မူ ကား သူ ငယ် မ လက် ကို ကိုင် လျက် သူ ငယ် မ ထ လော့ ဟု ကျယ် စွာ မိန့် တော် မူ သ ဖြင့် အ သက် ပြန် ဝင်၍၊ Judson Bible ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်သည် သူငယ်မ၏လက်ကိုကိုင်လျက်“သူငယ်မ၊ ထလော့”ဟု ခေါ်တော်မူလျှင် မြန်မာ ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှ သူငယ်၏လက်ကို ကိုင်တော်မူလျက်၊ သူငယ်ထလော့ဟု ခေါ်တော်မူသည်တွင်၊- |
သို့သော် ကိုယ်တော်သည် ထိုလူအုပ်ကို အပြင်သို့ ထွက်စေပြီးနောက် အထဲသို့ဝင်တော်မူ၍ မိန်းကလေး၏ လက်ကို ကိုင်တော်မူလျှင် ထိုမိန်းကလေးသည် ထလေ၏။
ကိုယ်တော်သည် ကြွလာ၍ ထိုအမျိုးသမီး၏ လက်ကို ကိုင်လျက် ထူမတော်မူ၏။ ထိုအခါ သူသည် အဖျားပျောက်၍ သူတို့အား ဧည့်ခံလေ၏။
ယေရှုသည် ထိုမျက်မမြင်ကို လက်ဆွဲ၍ မြို့ပြင်သို့ ခေါ်ဆောင်သွားလေ၏။ ထို့နောက် သူ၏ မျက်စိကို တံတွေးနှင့်ထွေး၍ သူ့အပေါ် လက်တော်တင်လျက် “တစ်စုံတစ်ရာကို မြင်သလော” ဟု မေးတော်မူ၏။
ဝတ်ပြုဆောင်မှူးအိမ်သို့ ရောက်သောအခါ ယေရှုသည် ပေတရု၊ ယောဟန်၊ ယာကုပ်နှင့် မိန်းကလေး၏မိဘများမှအပ မည်သူ့ကိုမျှအိမ်သို့ ဝင်ခွင့်ပေးတော်မမူ။
မိန်းကလေးသည် သေဆုံးပြီးဖြစ်ကြောင်းကို ထိုသူတို့သည် သိသောကြောင့် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။
ထိုစဉ် မိန်းကလေး၏ဝိညာဉ်သည် ပြန်ဝင်လာသဖြင့် ချက်ချင်းထလေ၏။ ယေရှုသည်လည်း ထိုမိန်းကလေးအား စားစရာကျွေးရန် မိန့်တော်မူ၏။
ခမည်းတော်သည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသောသူတို့ကို ရှင်စေ၏။
ပေတရုသည် ထိုသူအားလုံးတို့ကို အပြင်သို့ထွက်စေပြီး ဒူးထောက်လျက် ဆုတောင်းလေ၏။ အလောင်းရှိရာသို့ လှည့်၍ “တဗိသ… ထလော့” ဟု ဆို၏။ တဗိသသည်လည်း မျက်စိကိုဖွင့်ရာ ပေတရုကိုတွေ့မြင်သဖြင့် ထထိုင်လေ၏။
ဖခင်ကြီးဖြစ်သည့်အရာမှာ ကျမ်းစာ၌ ဘုရားသခင်သည် အာဗြဟံအား “ငါသည် သင့်ကို လူမျိုးများစွာတို့၏ ဖခင်ကြီးဖြစ်စေပြီ” ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။ ထိုသို့ ဖခင်ကြီးဖြစ်ရခြင်းမှာ အာဗြဟံသည် သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသောအရှင်၊ မဖြစ်ဖူးသေးသည့်အရာများကို ဖြစ်ပေါ်စေတော်မူသောအရှင် ဘုရားသခင်ကို ယုံကြည်သောကြောင့်ဖြစ်၏။