အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြ၏။ သို့သော် ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။
လုကာ 8:43 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ အမျိုးသမီးတစ်ဦးသည် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲ၍ ဥစ္စာရှိသမျှကို ဆရာဝန်များအား ပေးလျက် ကုသသော်လည်း မည်သည့်ဆရာဝန်မျှ မတတ်နိုင်ဘဲရှိလေ၏။ Common Language Bible အမျိုးသမီးတစ်ယောက်သည်တစ်ဆယ့်နှစ် နှစ်ပတ်လုံးသွေးသွန်ရောဂါစွဲခဲ့၏။ မိမိတွင် ရှိသမျှကြေးငွေများကိုအကုန်ခံ၍ဆေး ဆရာများနှင့်ကုသသော်လည်း အဘယ် ဆေးဆရာမျှရောဂါကိုမပျောက်စေနိုင်။- Garrad Bible ထို အ ခါ တစ် ဆယ့် နှစ် နှစ် တိုင် သွေး သွန် နာ စွဲ လျက် မည် သူ မျှ ကု သ၍ မ ရ သော မိန်း မ တစ် ယောက် သည်၊ Judson Bible ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တစ်ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲကပ်၍ ဆေးဆရာများထံ မိမိပိုင်ဆိုင်သောဥစ္စာပစ္စည်းရှိသမျှတို့ကို အကုန်သုံးစွဲခဲ့သော်လည်း မည်သူကမျှ ကျန်းမာအောင် မကုပေးနိုင်သောအမျိုးသမီးတစ်ဦးသည် မြန်မာ ထိုအခါ တစ်ဆယ်နှစ်နှစ်ပတ်လုံး သွေးသွန်အနာစွဲသောကြောင့်၊ ဥစ္စာရှိသမျှကို ဆေးသမားတို့အားပေး၍ ကုန်သော်လည်း၊ အဘယ်ဆေးသမားလက်၌မျှ ချမ်းသာမရနိုင်သော မိန်းမတစ်ယောက်သည်၊- |
အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြ၏။ သို့သော် ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။
ပူးဝင်သည့်အခါတိုင်း နတ်သည် သူ့အား မြေပေါ်သို့ အရှိန်ဖြင့်လှဲချတတ်ပါ၏။ ပါးစပ်မှ အမြှုပ်များထွက်လျက် အံကိုလည်းကြိတ်၍ တောင့်မာလာတတ်ပါ၏။ အကျွန်ုပ်သည် ဆရာတော်၏ တပည့်တော်တို့အား ထိုနတ်ဆိုးကို နှင်ထုတ်ပေးပါရန် တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ” ဟု လျှောက်လေ၏။
ထိုနေရာ၌ ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုးကြောင့် မသန်စွမ်းဖြစ်နေသော အမျိုးသမီးတစ်ဦး ရှိလေ၏။ ထိုအမျိုးသမီးသည် ခါးကိုင်း၍ မိမိကိုယ်ခန္ဓာကို မတ်မတ်မဆန့်နိုင်ဘဲရှိ၏။
သို့ဖြစ်လျှင် ဆယ့်ရှစ်နှစ်ပတ်လုံး နတ်ဆိုး၏ချည်နှောင်ထားခြင်းခံရသည့် အာဗြဟံ၏မျိုးဆက်ဖြစ်သော ဤအမျိုးသမီးသည် ဥပုသ်နေ့တွင် လွတ်ခွင့်မရသင့်သလော” ဟု မိန့်တော်မူ၏။
ယေရှုသည် ကမ်းပေါ်သို့ ကြွတော်မူသောအခါ နတ်ဆိုးပူးသောမြို့သားတစ်ဦးသည် ယေရှုနှင့် တွေ့ရန်လာ၏။ ထိုသူသည် နှစ်ပေါင်းများစွာ အိမ်တွင်မနေဘဲ အဝတ်ဗလာနှင့် သင်္ချိုင်းဂူများတွင် နေလေ၏။
သူ၏ဆယ့်နှစ်နှစ်အရွယ် တစ်ဦးတည်းသော သမီးငယ်သည် သေလုဆဲဆဲရှိ၏။ ယေရှုသည် ဝတ်ပြုဆောင်မှူးနှင့်အတူ ကြွတော်မူစဉ် လူအုပ်သည် ယေရှုထံ စုပြုံတိုးဝှေ့ကြ၏။
ထိုအမျိုးသမီးသည် ယေရှုနောက်တော်သို့ ချဉ်းကပ်၍ ဝတ်ရုံတော်၏အမြိတ်ကို တို့ထိလိုက်သော် သူ၏သွေးသွန်ရောဂါသည် ချက်ချင်းပျောက်ကင်းလေ၏။
သို့သော် ယခု သူမည်သို့ မျက်စိမြင်လာသည်ကို ကျွန်ုပ်တို့မသိပါ။ မည်သူက သူ့မျက်စိကို မြင်စေခဲ့သည်ကိုလည်း ကျွန်ုပ်တို့မသိပါ။ သူ့ကိုသာ မေးပါ။ သူသည်လည်း အရွယ်ရောက်ပြီဖြစ်သောကြောင့် သူကိုယ်တိုင် ပြောပါလိမ့်မည်” ဟု ဖြေကြ၏။
ထိုအခါ လူတို့သည် မွေးရာပါ ခြေမသန်သူတစ်ဦးကို သယ်ဆောင်လာကြ၏။ သူတို့သည် “လှပသောတံခါး” ဟု ခေါ်တွင်သည့် ဗိမာန်တော်၏တံခါးအနီး၌ ထိုသူကို နေ့စဉ်ထားလေ့ရှိ၏။ ဤသည်မှာ ထိုသူသည် ဗိမာန်တော်သို့ ဝင်သောသူတို့ထံမှ ငွေကြေးတောင်းရမ်းနိုင်ရန်ဖြစ်၏။