ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
လုကာ 8:31 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် နတ်ဆိုးတို့က တွင်းနက်ကြီးထဲသို့ မချသေးရန် ယေရှုအား ထပ်၍ တောင်းပန်ကြ၏။ Common Language Bible နတ်မိစ္ဆာတို့သည် ``အကျွန်ုပ်တို့အားတွင်းနက်ကြီး ထဲသို့လားစေရန်အမိန့်ပေးတော်မမူပါနှင့်'' ဟုတောင်းပန်ကြ၏။ Garrad Bible င ရဲ ထဲ သို့ နှင် တော် မ မူ စေ ရန် တောင်း ပန် ကြ ၏။ Judson Bible အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှာ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။ မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် နတ်ဆိုးတို့က မိမိတို့ကို အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့သွားရန် အမိန့်မပေးပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြ၏။ မြန်မာ အနက်ဆုံးသော အရပ်သို့သွားစေခြင်းငှာ မနှင်ပါမည်အကြောင်း တောင်းပန်လေ၏။ |
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
ထိုသူသည် ယေရှုကို မြင်လျှင် ရှေ့တော်၌ ဝပ်တွားခယလေ၏။ ထို့နောက် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် “အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် တောင်းပန်ပါ၏” ဟု လျှောက်လေ၏။
ထိုအရပ်၌ တောင်စောင်းပေါ်တွင် ကျက်စားနေသော ဝက်အုပ်တစ်အုပ်ရှိ၏။ နတ်ဆိုးတို့က ထိုဝက်အုပ်ထဲသို့ ဝင်ခွင့်ပြုရန် တောင်းပန်လျှင် ယေရှုသည် ခွင့်ပြုတော်မူ၏။
သို့မဟုတ် ‘ခရစ်တော်ကို သေခြင်းမှ ထမြောက်စေတော်မူရန် တွင်းနက်ကြီးထဲသို့ မည်သူဆင်းမည်နည်း’ ဟူ၍ မပြောဆိုနှင့်” ဟု ဆိုထား၏။
သူတို့သက်သေခံပြီးသောအခါ တွင်းနက်ကြီးထဲမှ တက်လာသော သားရဲသည် သူတို့ကို တိုက်ခိုက်အောင်နိုင်၍ သတ်ဖြတ်လိမ့်မည်။
သင်မြင်ရသောသားရဲသည် ယခင်က အသက်ရှင်သော်လည်း ယခုမရှင်တော့ပေ။ သို့သော် မကြာမီ သူသည် တွင်းနက်ကြီးထဲမှ တက်လာပြီး ဖျက်ဆီးခြင်းကို ခံရလိမ့်မည်။ ကမ္ဘာလောက၌ နေထိုင်ကြသောသူတို့တွင် ကမ္ဘာဦးအစကပင် အသက်စာစောင်၌ စာရင်းမဝင်သူများက ထိုသားရဲကို မြင်ရသောအခါ အလွန်အံ့ဩကြလိမ့်မည်။ အကြောင်းမှာ ယခင်အသက်ရှင်ခဲ့သည့် ထိုသားရဲသည် ယခုမရှင်တော့သော်လည်း မကြာမီပြန်ပေါ်လာဦးမည့်အတွက်ကြောင့် ဖြစ်၏။
သို့ရာတွင် သားရဲသည် မိမိကိုယ်စား နိမိတ်လက္ခဏာများပြသော ပရောဖက်အတုအယောင်နှင့်အတူ ဖမ်းဆီးခံရ၏။ ထိုပရောဖက်မှာ သားရဲ၏အမှတ်တံဆိပ်ကို ခံယူကြလျက် သားရဲ၏ရုပ်တုကို ကိုးကွယ်ကြသောသူတို့အား ထိုနိမိတ်လက္ခဏာများဖြင့် လှည့်ဖြားသူဖြစ်၏။ သူတို့နှစ်ဦးသည် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ် ပစ်ချခံကြရ၏။
သူတို့၏ရှင်ဘုရင်မှာ တွင်းနက်ကြီး၏ကောင်းကင်တမန်ဖြစ်၏။ သူ၏ အမည်မှာ ဟေဗြဲဘာသာဖြင့် အာဗဒ္ဒုန်၊ ဂရိဘာသာဖြင့် အပေါလျုန် ဖြစ်၏။