ဤသို့လျှောက်ရခြင်းမှာ ယေရှုက နတ်ဆိုးအား “အို နတ်ဆိုး… ထိုလူအထဲမှ ထွက်သွားလော့” ဟု မိန့်တော်မူသောကြောင့် ဖြစ်၏။
လုကာ 8:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ လျှောက်ရခြင်းမှာ ယေရှုသည် ထိုနတ်ဆိုးအား သူ့အထဲမှ ထွက်ရန် မိန့်တော်မူသောကြောင့်ဖြစ်၏။ ထိုနတ်ဆိုးသည် ထိုသူအား မကြာခဏဝင်ပူးတတ်၏။ သူ၏ လက်ခြေတို့ကို သံကြိုးများဖြင့် ခတ်၍ အစောင့်များနှင့် စောင့်ကြပ်သော်လည်း သူသည် နတ်ဆိုးအစွမ်းဖြင့် အချုပ်အနှောင်များကို လွယ်ကူစွာ ဖျက်ဆီး၍ တောကန္တာရထဲသို့ ပြေးဝင်တတ်၏။ Common Language Bible သို့လျှောက်ထားရသည့်အကြောင်းမှာကိုယ်တော် သည်ညစ်ညမ်းသောနတ်အားထိုသူ၏အထဲမှ ထွက်ခဲ့ရန်အမိန့်ပေးလိုက်သောကြောင့်ဖြစ်၏။ နတ်မိစ္ဆာသည်ထိုသူကိုကြိမ်ဖန်များစွာပူးကပ် ခဲ့၏။ သူ၏ခြေလက်တို့ကိုသံကြိုးများဖြင့် ချည်နှောင်ဖမ်းချုပ်စောင့်ကြပ်ထားသော်လည်း သူသည်သံကြိုးများကိုချိုးဖြတ်၍တော ကန္တာရသို့ထွက်ပြေးတတ်၏။ Judson Bible လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကို အဖန်များစွာဖမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့လျှောက်ထားခြင်းမှာ ကိုယ်တော်သည် ညစ်ညူးသောနတ်အား ထိုသူ့အထဲမှထွက်သွားရန် အမိန့်ပေးတော်မူသောကြောင့်ဖြစ်၏။ ထိုနတ်သည် သူ့ကိုကြိမ်ဖန်များစွာဝင်ပူးသဖြင့် သူ့ကို သံကြိုးနှင့်ခြေချင်းတို့ဖြင့် ချည်နှောင်ဖမ်းချုပ်လျက် စောင့်ကြပ်ထားသော်လည်း သူသည် ထိုအရာများကိုချိုးဖြတ်ကာ တောကန္တာရသို့ နတ်ဆိုး၏နှင်ခြင်းကိုခံရ၏။ မြန်မာ လျှောက်သည်အကြောင်းကား၊ နတ်ဆိုးသည် ထိုလူကို အဖန်များစွာဖမ်းဆီးလှပြီ။ ခြေချင်းသံကြိုးနှင့် အကျဉ်းထားသော်လည်း ခြေချင်းသံကြိုးကိုဆွဲဖြတ်၍ နတ်ဆိုးသည် တောအရပ်သို့ နှင်မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူးသောနတ်၊ ထိုလူမှ ထွက်သွားလော့ဟု မိန့်တော်မူခဲ့ပြီ။- |
ဤသို့လျှောက်ရခြင်းမှာ ယေရှုက နတ်ဆိုးအား “အို နတ်ဆိုး… ထိုလူအထဲမှ ထွက်သွားလော့” ဟု မိန့်တော်မူသောကြောင့် ဖြစ်၏။
ထိုသူသည် ယေရှုကို မြင်လျှင် ရှေ့တော်၌ ဝပ်တွားခယလေ၏။ ထို့နောက် ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျက် “အမြင့်မြတ်ဆုံးသောဘုရားသခင်၏သားတော်ယေရှု… ကိုယ်တော်သည် အကျွန်ုပ်နှင့် မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကို ညှဉ်းဆဲတော်မမူရန် တောင်းပန်ပါ၏” ဟု လျှောက်လေ၏။
ယေရှုက “သင့်နာမည် မည်သို့ခေါ်သနည်း” ဟု မေးတော်မူလျှင် “လေဂေါင်ဖြစ်ပါ၏” ဟု ဖြေလေ၏။ အကြောင်းမှာ နတ်ဆိုးအများအပြားတို့သည် ထိုသူအထဲ၌ ဝင်ပူးသောကြောင့်ဖြစ်၏။
နတ်ဆိုးဝင်ပူးသဖြင့် သူသည် ရုတ်တရက်အော်ဟစ်တတ်ပါ၏။ သူ၏ ပါးစပ်မှ အမြှုပ်များထွက်သည်တိုင်အောင် နတ်ဆိုးသည် သူ့ကို တက်စေပါ၏။ သူ့ကို ကုတ်ဖဲ့နာကျင်စေပြီး သူ့အထဲမှ အလွန်ထွက်ခဲပါ၏။
ထိုသူငယ်လာစဉ် နတ်ဆိုးသည် သူ့အား မြေပေါ်သို့ လှဲ၍ တက်စေ၏။ သို့သော်လည်း ယေရှုက ထိုနတ်ဆိုးအား ဆုံးမ၍ ထိုသူငယ်ကို ကျန်းမာစေတော်မူပြီးလျှင် ဖခင်ထံသို့ ပြန်အပ်ပေးတော်မူ၏။