မည်သူမျှ ဆီမီးခွက်ကို ထွန်း၍ မြေအောက်ခန်း၌ဖြစ်စေ၊ တောင်းအောက်၌ဖြစ်စေ ဝှက်ထားလေ့မရှိ။ အခန်းသို့ ဝင်လာသောသူတို့အလင်းရောင်ရစေရန် ဆီမီးတိုင်ပေါ်တွင် တင်ထားလေ့ရှိ၏။
လုကာ 8:16 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဆီမီးခွက်ကို ထွန်း၍ တောင်းဖြင့် ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ဝှက်ထားလေ့မရှိ။ ဝင်လာသောသူတို့အလင်းရောင်ရစေရန် ဆီမီးတိုင်ပေါ်တွင် တင်ထားလေ့ရှိ၏။ Common Language Bible ``ဆီမီးကိုထွန်းပြီးလျှင်တောင်းဖြင့်အုပ်ထား ခြင်း၊ ခုတင်အောက်မှာထားခြင်းကိုအဘယ်သူ မျှမပြုတတ်။ အခန်းထဲသို့ဝင်လာသူများ အလင်းကိုမြင်စေရန်ဆီမီးခုံပေါ်မှာသာ တင်ထားတတ်ကြ၏။ Garrad Bible မီး ထွန်း ပြီး နောက် အိုး နှင့် ဖုံး ခြင်း၊ ခု တင် အောက်၌ ထား ခြင်း ကို မည် သူ မျှ မ ပြု တတ်။ အ လင်း ကို ဝင် လာ သူ တို့ မြင် နိုင် ရန် ခုံ ပေါ် တွင် သာ တင် ထား တတ်၏။ Judson Bible ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ထားလေ့မရှိ။ ဝင်သောသူသည် အလင်းကိုမြင်စေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဆီမီးကိုထွန်း၍ အိုးဖြင့်ဖုံးအုပ်သောသူ၊ သို့မဟုတ် ခုတင်အောက်တွင်ထားသောသူမရှိ။ ဝင်လာသောသူတို့သည် အလင်းကိုမြင်စေရန် ဆီမီးခုံပေါ်၌သာ ထားတတ်ကြ၏။ မြန်မာ ဆီမီးထွန်းပြီးလျှင် အိုးမှောက်၍ ဖုံးထားလေ့မရှိ။ ခုတင်အောက်၌လည်း ထားလေ့မရှိ။ ဝင်သောသူသည် အလင်းကိုမြင်စေခြင်းငှာ ဆီမီးခုံအပေါ်မှာ တင်ထားလေ့ရှိ၏။- |
မည်သူမျှ ဆီမီးခွက်ကို ထွန်း၍ မြေအောက်ခန်း၌ဖြစ်စေ၊ တောင်းအောက်၌ဖြစ်စေ ဝှက်ထားလေ့မရှိ။ အခန်းသို့ ဝင်လာသောသူတို့အလင်းရောင်ရစေရန် ဆီမီးတိုင်ပေါ်တွင် တင်ထားလေ့ရှိ၏။
ကောင်းသောမြေ၌ ကျသည့်မျိုးစေ့မှာ တရားစကားကို ကြားသောအခါ စစ်မှန်ကောင်းမွန်သောစိတ်နှလုံးနှင့် စွဲမြဲစွာခံယူ၍ တည်ကြည်စွာ အသီးသီးသောသူကို ဆိုလို၏။
သူတို့အားအမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်မာရ်နတ်၏လက်အောက်မှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲလာစေရန် သင်သည် ထိုသူတို့၏မျက်စိများကို ဖွင့်ပေးရမည်။ သို့မှသာ သူတို့သည် အပြစ်များအတွက်ခွင့်လွှတ်ခြင်းကို ခံစားရမည်။ ထို့ပြင် ငါ့ကိုယုံကြည်ကြသဖြင့် ဘုရားသခင်သန့်ရှင်းစေတော်မူသောလူစုထဲတွင် ပါဝင်ရလိမ့်မည်’ ဟု မိန့်တော်မူ၏။
ငါ၏လက်ယာလက်၌ သင်မြင်တွေ့ရသော ကြယ်ခုနစ်လုံးနှင့် ရွှေဆီမီးတိုင် ခုနစ်တိုင်တို့၏ လျှို့ဝှက်နက်နဲသောအရာမှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏ ကောင်းကင်တမန်များဖြစ်ပြီး ရွှေဆီမီးတိုင်ခုနစ်တိုင်သည် အသင်းတော်ခုနစ်ပါးဖြစ်၏။
ဤသက်သေခံနှစ်ပါးတို့သည် ကမ္ဘာလောကကို အုပ်စိုးသည့်အရှင်သခင်၏ရှေ့တော်၌ ရှိသောသံလွင်ပင်နှစ်ပင်နှင့် ဆီမီးတိုင်နှစ်ခုဖြစ်၏။