ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
လုကာ 7:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုတပ်မှူး၏စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါပြောဆိုသည်မှာ ဤကဲ့သို့သော ယုံကြည်ခြင်းကို အစ္စရေးလူမျိုးထဲ၌ပင် ငါမတွေ့ဖူးသေး” ဟူ၍ မိန့်တော်မူ၏။ Common Language Bible ကိုယ်တော်သည်နောက်တော်ကလိုက်လာကြ သော လူပရိသတ်တို့ကိုလှည့်ကြည့်တော်မူ လျက် ``ငါဆိုသည်ကားဤကဲ့သို့သောယုံကြည် ခြင်းကို ဣသရေလအမျိုးသားတို့အထဲမှာ ပင် ငါမတွေ့မကြုံဖူးသေး'' ဟုမိန့်တော်မူ၏။ Garrad Bible ယေ ရှု ကြား သော် ထို သူ့ ကို အံ့ သြ တော် မူ၍ နောက် တော် ပါ လူ ပ ရိ သတ် အား လှည့် လျက် ဤ မျှ လောက် ယုံ ကြည် ခြင်း ကို ဣ သ ရေ လ လူ မျိုး တွင် ပင် မ တွေ့ စ ဘူး။ ငါ ဆို သည် ဟု မိန့် တော် မူ ပြီး နောက်၊ Judson Bible ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့ဩခြင်းရှိ၍ နောက်တော်သို့လိုက်သောသူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေးဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် ထိုစကားတို့ကိုကြားလျှင် တပ်မှူးကိုအံ့သြ၍ နောက်တော်သို့လိုက်သောသူတို့ကို လှည့်ကြည့်ကာ“သင်တို့အား ငါဆိုမည်။ ဤမျှလောက်ကြီးမားသောယုံကြည်ခြင်းကို အစ္စရေးလူမျိုး၌ပင် ငါမတွေ့ဖူးချေ”ဟု မိန့်တော်မူ၏။ မြန်မာ ထိုစကားကို ယေရှုသည်ကြားတော်မူလျှင် အံ့ဩခြင်းရှိ၍ နောက်တော်သို့လိုက်သောသူများကို လှည့်ကြည့်လျက်၊ ငါဆိုသည်ကား၊ ဤမျှလောက်သော ယုံကြည်ခြင်းကို ဣသရေလအမျိုး၌ပင် ငါမတွေ့ဖူးသေးဟု မိန့်တော်မူ၏။- |
ထိုအခါ ယေရှုက “အို အမျိုးသမီး… သင်သည် ယုံကြည်ခြင်းအားကြီးလှ၏။ သင့်ဆန္ဒရှိသည့်အတိုင်း ဖြစ်စေ” ဟု မိန့်တော်မူ၏။ ထိုအချိန်တွင်ပင် ထိုအမျိုးသမီး၏ သမီးသည် ကျန်းမာလာလေ၏။
ယေရှုသည် ထိုတပ်မှူး၏ စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့ လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါအမှန်ဆို၏။ ထိုကဲ့သို့ ယုံကြည်ခြင်းရှိသောသူတစ်ဦးကိုမျှ အစ္စရေးလူမျိုးထဲ၌ ငါမတွေ့ဖူးသေး။
ယေရှုကလည်း နတ်ဆိုးကို နှင်ထုတ်တော်မူသဖြင့် ထိုဆွံ့အသူသည် စကားပြောလေ၏။ လူထုပရိသတ်တို့သည် အံ့ဩ၍ “အစ္စရေးလူမျိုးတွင် ဤကဲ့သို့သော အဖြစ်အပျက်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးပါ” ဟု ပြောဆိုကြ၏။
တပ်မှူး စေလွှတ်သောမိတ်ဆွေများသည် အိမ်သို့ ပြန်ရောက်သောအခါ ထိုအစေခံသည် ကျန်းမာလျက်ရှိကြောင်းကို တွေ့မြင်ကြ၏။
သို့ရာတွင် ယေရှုက ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်အားကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့” ဟု မိန့်တော်မူ၏။
အကျွန်ုပ်သည် အမိန့်အာဏာအောက်တွင် ရှိသူဖြစ်ပြီး အကျွန်ုပ်၏လက်အောက်တွင်လည်း စစ်သားများရှိပါ၏။ အကျွန်ုပ်သည် တစ်ဦးအား ‘သွားလော့’ ဟု ပြောလျှင် သူသည်သွားရ၏။ အခြားတစ်ဦးအား ‘လာလော့’ ဟု ပြောလျှင် သူသည်လာရ၏။ အကျွန်ုပ်၏အစေခံအား ‘ဤအရာကို လုပ်ဆောင်လော့’ ဟု ပြောလျှင် သူသည် လုပ်ဆောင်ရပါ၏” ဟု လျှောက်စေ၏။