ယေရှုသည် လှည့်၍ ထိုအမျိုးသမီးကို မြင်တော်မူလျှင် “သမီး… မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်းပင် ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းလေ၏။
လုကာ 7:50 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ယေရှုက ထိုအမျိုးသမီးအား “သင်၏ယုံကြည်ခြင်းသည် သင့်အားကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့” ဟု မိန့်တော်မူ၏။ Common Language Bible သို့ရာတွင်ကိုယ်တော်ကထိုအမျိုးသမီး အား ``သင်၏ယုံကြည်ခြင်းသည်သင့်ကိုကယ် တင်ပြီ။ စိတ်ချမ်းသာစွာသွားလော့'' ဟုမိန့် တော်မူ၏။ Garrad Bible စိတ် ဧ လျက် သွား တော့၊ သင့် ယုံ ကြည် ခြင်း သည် သင့် ကို ကယ် ပြီ ဟု မိန်း မ အား မိန့် ပြန် တော် မူ၏။ Judson Bible ယေရှုသည် ထိုမိန်းမအား သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလောဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် ကိုယ်တော်သည် ထိုအမျိုးသမီးအား“သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်းချမ်းစွာသွားလော့”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုသည် ထိုမိန်းမအား သင်၏ယုံကြည်ခြင်းသည် သင့်ကိုကယ်တင်ပြီ။ ငြိမ်ဝပ်စွာသွားလောဟု မိန့်တော်မူ၏။ |
ယေရှုသည် လှည့်၍ ထိုအမျိုးသမီးကို မြင်တော်မူလျှင် “သမီး… မစိုးရိမ်နှင့်။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။ ထိုအခါ ချက်ချင်းပင် ထိုအမျိုးသမီးသည် ရောဂါပျောက်ကင်းလေ၏။
ယေရှုက “သွားလော့။ သင်၏ ယုံကြည်ခြင်းသည် သင့်ကို မြင်စေပြီ” ဟု မိန့်တော်မူ၏။ ထိုသူသည် ချက်ချင်းမျက်စိပြန်မြင်သဖြင့် ယေရှုကြွတော်မူရာလမ်းတွင် နောက်တော်မှ လိုက်လေ၏။
ယေရှုက “သမီး… သင်၏ ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့။ သင်၏ရောဂါ ပျောက်ကင်းပြီ” ဟု မိန့်တော်မူ၏။
ထိုသူအား “ထ၍ သွားလော့။ သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “မျက်စိမြင်စေ။ သင်၏ယုံကြည်ခြင်းသည် သင့်မျက်စိကို မြင်စေပြီ” ဟု မိန့်တော်မူ၏။
ယေရှုသည် ထိုတပ်မှူး၏စကားကို ကြားသော် အံ့သြတော်မူလျက် နောက်တော်သို့လိုက်သောသူများဘက်သို့ လှည့်၍ “သင်တို့အား ငါပြောဆိုသည်မှာ ဤကဲ့သို့သော ယုံကြည်ခြင်းကို အစ္စရေးလူမျိုးထဲ၌ပင် ငါမတွေ့ဖူးသေး” ဟူ၍ မိန့်တော်မူ၏။
ထို့နောက် သင်တို့သည် မည်သို့ကြားနာသည်ကို သတိပြုကြလော့။ ရှိသောသူတို့အား များစွာထပ်၍ ပေးတော်မူလိမ့်မည်။ မရှိသောသူတို့ထံမှမူ သူတို့၌ ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူတော်မူလိမ့်မည်” ဟု မိန့်တော်မူ၏။
သူ၏ဆယ့်နှစ်နှစ်အရွယ် တစ်ဦးတည်းသော သမီးငယ်သည် သေလုဆဲဆဲရှိ၏။ ယေရှုသည် ဝတ်ပြုဆောင်မှူးနှင့်အတူ ကြွတော်မူစဉ် လူအုပ်သည် ယေရှုထံ စုပြုံတိုးဝှေ့ကြ၏။
ယေရှုကလည်း “သမီး… သင်၏ယုံကြည်ခြင်းသည် သင့်ကို ကျန်းမာစေပြီ။ ငြိမ်းချမ်းစွာ သွားလော့” ဟု မိန့်တော်မူ၏။