အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




လုကာ 7:12 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ယေရှု​သည် မြို့အဝင်​တံခါး​အနီး​သို့ ရောက်​သောအခါ လူတို့​သည် လူသေ​အလောင်း​တစ်လောင်း​ကို သင်္ဂြိုဟ်​ရန် မြို့ပြင်​သို့ ထုတ်ဆောင်လာကြ၏။ ထို​လူသေ​သည် မုဆိုးမ​တစ်ဦး​၏​တစ်ဦးတည်းသော သား​ဖြစ်၏။ မြို့သူ​မြို့သားတို့​သည်လည်း ထို​မုဆိုးမ​နှင့်အတူ လိုက်ပို့ကြ၏။

အခန်းကိုကြည့်ပါ။

Common Language Bible

မြို့​တံ​ခါး​အ​နီး​သို့​ကိုယ်​တော်​ရောက်​ချိန်​၌ လူ​တို့ သည်​မု​ဆိုး​မ​တစ်​ယောက်​၏​တစ်​ဦး​တည်း​သော သား​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန် မြို့​ပြင်​သို့​ထုတ် ဆောင်​လာ​ကြ​၏။ ထို​မု​ဆိုး​မ​နှင့်​အ​တူ​မြို့​သူ မြို့​သား​တို့​သည်​လိုက်​ပို့​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

မြို့ တံ ခါး ဝ အ နီး ရောက် တော် မူ သော် မု ဆိုး မ တွင် ဧ က ပု တ္တ သား၏ အ လောင်း ကို ချ သွား ရာ ထို မု ဆိုး မ နှင့် အ တူ မြို့ သူ မြို့ သား အ များ လိုက် ပို့ ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

မြို့​တံ​ခါး​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မု​ဆိုး​မ၌ တစ်​ယောက်​တည်း​သော သား​အ​သေ​ကောင်​ကို သင်္ဂြိုဟ်​ခြင်း​ငှာ ထုတ်​သွား၍၊ မြို့​သူ​မြို့​သား​များ​တို့​သည် လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မြို့​တံခါး​အနီး​သို့​ရောက်​တော်မူ​သော​အချိန်​တွင် လူ​တို့​သည် သေဆုံး​သော​သူ​တစ်​ယောက်​ကို မြို့​ပြင်​သို့​ထုတ်ဆောင်​လာ​ကြ​၏။ သူ​သည် မိခင်​ဖြစ်​သူ​မုဆိုးမ​၏​တစ်ဦးတည်း​သော​သား​ဖြစ်​၏။ များစွာ​သော​မြို့သူ​မြို့သား​တို့​သည်​လည်း ထို​အမျိုးသမီး​နှင့်အတူ​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။

မြန်မာ

မြို့​တံ​ခါး​အ​နီး​သို့ ရောက်​သော​အ​ခါ၊ မု​ဆိုး​မ၌ တစ်​ယောက်​တည်း​သော သား​အ​သေ​ကောင်​ကို သင်္ဂြိုဟ်​ခြင်း​ငှာ ထုတ်​သွား၍၊ မြို့​သူ​မြို့​သား​များ​တို့​သည် လိုက်​ကြ၏။-

အခန်းကိုကြည့်ပါ။



လုကာ 7:12
20 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် ယေရှု​သည် နာဣနမြို့​သို့ ကြွတော်မူ​၍ တပည့်တော်များ​နှင့် လူအုပ်ကြီး​သည်လည်း နောက်တော်​သို့ လိုက်ကြ၏။


ယေရှု​သည် မုဆိုးမ​ကို မြင်​သောအခါ သနားစိတ်​ရှိတော်မူ​သဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။


သူ​၏​ဆယ့်နှစ်နှစ်​အရွယ် တစ်ဦးတည်း​သော သမီးငယ်​သည် သေလု​ဆဲဆဲ​ရှိ၏။ ယေရှု​သည် ဝတ်ပြုဆောင်မှူး​နှင့်အတူ ကြွတော်မူ​စဉ် လူအုပ်​သည် ယေရှု​ထံ စုပြုံ​တိုးဝှေ့ကြ၏။


လူတို့​သည် ထို​မိန်းကလေး​အတွက် ရင်ဘတ်ထု​လျက် အလွန်​ငိုကြွေးကြ​သော်လည်း ယေရှု​က “မငိုကြွေးကြနှင့်။ ဤ​မိန်းကလေး​သည် သေသည်​မဟုတ်။ အိပ်ပျော်နေခြင်း​သာ​ဖြစ်သည်” ဟု မိန့်တော်မူ၏။


ဂျူး​လူမျိုး​များစွာ​သည်လည်း မောင်​ဖြစ်သူ​ကို ဆုံးရှုံးသော မာသ​နှင့်​မာရိ​တို့​ကို နှစ်သိမ့်​ရန် လာကြ၏။


ထို့ကြောင့် ပေတရု​သည် သူတို့​နှင့် လိုက်သွားလေ၏။ အိမ်​သို့​ရောက်​သောအခါ သူတို့​က အပေါ်ထပ်​အခန်း​သို့ ခေါ်ဆောင်သွားကြ၏။ မုဆိုးမတို့​သည် ပေတရု​အနား​တွင် ရပ်​ကာ​ငိုကြွေး​လျက် သူတို့​နှင့်အတူ​ရှိစဉ်​က တဗိသ​ချုပ်ပေးခဲ့သော အင်္ကျီ​နှင့်​အဝတ်အစားများ​ကို ပြကြလေ၏။


ပေတရု​သည် မိမိ​လက်​ကို​ကမ်း​၍ သူ့​ကို​ဆွဲထူပြီး​လျှင် ယုံကြည်သူများ​နှင့် မုဆိုးမများ​ကို​ခေါ်​ကာ အသက်ရှင်လျက်ရှိသော​တဗိသ​ကို သူတို့​အား အပ်လေ၏။


ခမည်းတော်​ဘုရားသခင်​ရှေ့တော်​၌ သန့်ရှင်း​စင်ကြယ်သော​ဘာသာတရား​ကိုင်းရှိုင်းခြင်း​မှာ ဆင်းရဲဒုက္ခ​ကြုံနေသည့် မိဘမဲ့​နှင့် မုဆိုးမတို့​ကို ကြည့်ရှု​ပြုစုခြင်း၊ မိမိ​ကိုယ်တိုင်​ကိုလည်း လောကီ​ညစ်ညူးခြင်းတို့​မှ ကင်းစင်စေခြင်း​ဖြစ်၏။