သို့သော် ကြွေးရှင်သည်လက်မခံဘဲ ထိုအကြွေးမဆပ်မီတိုင်အောင် သူ့ကို ထောင်ထဲတွင် ထည့်ထား၏။
လုကာ 6:37 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်ပါးသူတို့ကို အပြစ်မစီရင်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း အပြစ်စီရင်ခံရခြင်းမှ လွတ်လိမ့်မည်။ တစ်ပါးသူတို့ကို မဝေဖန်ကြနှင့်။ သို့မှသာ သင်တို့သည်လည်း ဝေဖန်ခံရခြင်းမှ လွတ်လိမ့်မည်။ တစ်ပါးသူတို့ကို ခွင့်လွှတ်ကြလော့။ သို့မှသာ သင်တို့သည် ခွင့်လွှတ်ခြင်းကို ခံရလိမ့်မည်။ Common Language Bible ``သူတစ်ပါးတို့အားမစစ်ကြောမစီရင်ကြနှင့်။ သို့မှသာဘုရားသခင်သည်သင်တို့အားမစစ် ကြောမစီရင်ဘဲနေတော်မူလိမ့်မည်။ သူတစ်ပါး တို့အားမရှုတ်ချကြနှင့်။ သို့မှသာဘုရားသခင် သည်သင်တို့အားမရှုတ်ချဘဲနေတော်မူလိမ့်မည်။ သူတစ်ပါးတို့အားအပြစ်ဖြေလွှတ်ကြလော့။ သို့ မှသာထာဝရဘုရားသည်သင်တို့အပြစ်ကို ဖြေလွှတ်တော်မူလိမ့်မည်။- Garrad Bible မ စီ ရင် ဘဲ နေ ကြ လော့။ သင် တို့ လည်း စီ ရင် မ ခံ ဘဲ နေ ရ ကြ လိမ့် မည်။ အ ပြစ် မ တင် ဘဲ နေ ကြ လော့။ သင် တို့ လည်း အ ပြစ် တင် မ ခံ ဘဲ နေ ရ ကြ လိမ့် မည်။ ချမ်း သာ ပေး ကြ လော့။ သင် တို့ လည်း ချမ်း သာ ရ ကြ လိမ့် မည်။ Judson Bible သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း သူတစ်ပါးကိုမစီရင်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း စီရင်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုအပြစ်ရှိသည်ဟုမသတ်မှတ်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း အပြစ်ရှိသည်ဟုသတ်မှတ်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုခွင့်လွှတ်ကြလော့။ သို့ပြုလျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းကိုခံရကြလိမ့်မည်။ မြန်မာ သူတစ်ပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင် သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူတစ်ပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင် သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။- |
သို့သော် ကြွေးရှင်သည်လက်မခံဘဲ ထိုအကြွေးမဆပ်မီတိုင်အောင် သူ့ကို ထောင်ထဲတွင် ထည့်ထား၏။
သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သနားကြင်နာခြင်းကို ခံကြရမည်ဖြစ်သောကြောင့်ပင်။
သို့သော် သင်တို့သည် ဆုတောင်းသောအခါ တစ်ပါးသူတို့အပေါ်၌ အပြစ်တင်စရာရှိလျှင် ထိုသူတို့၏အပြစ်ကို ဦးစွာခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။
အာဗြဟံ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်သော ငါတို့ဘိုးဘေးများ၏ဘုရားသခင်သည် မိမိ၏အစေခံယေရှုအား ဘုန်းကြီးစေတော်မူပြီ။ ထိုယေရှုမှာ ပိလတ်မင်းလက်သို့ သင်တို့အပ်နှံ၍ ပိလတ်မင်းက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ဆုံးဖြတ်သော်လည်း သင်တို့ငြင်းပယ်ကြသောသူပင်ဖြစ်၏။
သင်တို့သည် တစ်ဦးကို တစ်ဦး ကျေးဇူးပြုကြလော့။ သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့ကို ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကို တစ်ဦး ခွင့်လွှတ်ကြလော့။
တစ်ဦးနှင့်တစ်ဦး အပြစ်တင်စရာရှိလျှင် အချင်းချင်း သည်းခံ၍ ခွင့်လွှတ်ကြလော့။ သခင်ဘုရားသည် သင်တို့ကို ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ခွင့်လွှတ်ကြလော့။
ကရုဏာကင်းမဲ့သောသူသည် ကရုဏာကင်းမဲ့စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာထားသောသူသည် ဘုရားသခင်တရားစီရင်မည့်နေ့တွင် ကြောက်ရွံ့နေရန် မလိုပေ။
ညီအစ်ကိုမောင်နှမတို့… အပြစ်စီရင်ခြင်း မခံရရန် အချင်းချင်း အပြစ်တင်၍ မညည်းတွားကြနှင့်။ ကြည့်လော့။ တရားစီရင်သောအရှင်သည် တံခါးဝတွင် ရပ်နေတော်မူ၏။