ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
လုကာ 5:22 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် ထိုသူတို့ မည်သို့တွေးတောနေကြသည်ကို သိတော်မူသဖြင့် “သင်တို့စိတ်ထဲ၌ အဘယ်ကြောင့် ဤသို့တွေးတောနေကြသနည်း။ Common Language Bible သခင်ယေရှုသည်ထိုသူတို့ယင်းသို့တွေးတော နေကြသည်ကိုသိတော်မူသဖြင့် ``သင်တို့သည် အဘယ်ကြောင့်တွေးတောနေကြသနည်း။- Garrad Bible ထို သို့ ဆင် ခြင် ကြ သည် ကို သိ မြင် တော် မူ သ ဖြင့် ယေ ရှု က၊ အ ဘယ် ကြောင့် စိတ်၌ ဆင် ခြင် ကြ သ နည်း။ Judson Bible ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာ အဘယ်ကြောင့် ထင်မှတ်ကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုသည် သူတို့၏တွေးတောကြံစည်မှုများကို သိတော်မူ၍“အဘယ်ကြောင့် သင်တို့၏စိတ်နှလုံးထဲ၌ ထိုသို့တွေးတောဆင်ခြင်နေကြသနည်း။ မြန်မာ ယေရှုသည် ထိုသူတို့၏ ထင်မှတ်ခြင်းကိုသိတော်မူလျှင်၊ သင်တို့စိတ်ထဲမှာ အဘယ်ကြောင့် ထင်မှတ်ကြသနည်း။- |
ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
ယေရှုသည် ထိုသူတို့၏ တွေးတောကြံစည်မှုကို ကောင်းစွာသိတော်မူသဖြင့် “နိုင်ငံတစ်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်လျှင် ထိုနိုင်ငံသည် ပျက်စီးလိမ့်မည်။ ထိုနည်းတူ မြို့တစ်မြို့၊ သို့မဟုတ် မိသားစုတစ်စုတွင် စိတ်ဝမ်းကွဲလျှင် ပြိုကွဲလိမ့်မည်။
ယေရှုသည် ထိုသူတို့၏ စိတ်ကိုသိမြင်တော်မူသဖြင့် “သင်တို့၏ စိတ်ထဲတွင် အဘယ်ကြောင့် မကောင်းသောအတွေးများကို တွေးတောနေကြသနည်း။
ထိုသို့ပြောဆိုနေကြသည်ကို ယေရှုသိတော်မူသဖြင့် “သင်တို့သည် စားစရာမပါသည့်အကြောင်းကို အဘယ်ကြောင့်ပြောဆိုနေကြသနည်း။ ယခုတိုင်အောင် မသိနားမလည်နိုင်ကြသေးသလော။ သင်တို့သည် မခံယူနိုင်အောင် အလွန်ခေါင်းမာကြသလော။
ထိုအခါ ယေရှုက “အဘယ်ကြောင့် ထိတ်လန့်ကြသနည်း။ အဘယ်ကြောင့် သံသယစိတ်များဖြစ်ပေါ်ကြသနည်း။
ထိုအခါ ဖာရိရှဲများနှင့် ကျမ်းတတ်ဆရာများက “ဘုရားသခင်ကို စော်ကားပြောဆိုသော ဤသူသည် မည်သူနည်း။ ဘုရားသခင်မှလွဲ၍ မည်သူသည် အပြစ်ကို ခွင့်လွှတ်နိုင်ပါမည်နည်း” ဟု စိတ်ထဲ၌ တွေးတောနေကြ၏။
‘သင်၏အပြစ်များကို ခွင့်လွှတ်ပြီ’ ဟု ပြောရန် ပို၍ လွယ်ကူသလော။ သို့မဟုတ် ‘ထ၍ လမ်းလျှောက်လော့’ ဟု ပြောရန် ပို၍ လွယ်ကူသလော။
ပေတရုက “အာနနိ… သင်သည် အဘယ်ကြောင့် စာတန်အား သင်၏စိတ်နှလုံးထဲ၌ အုပ်စိုးခွင့်ပေးသနည်း။ သင်သည် မြေရောင်းရသောငွေတချို့ကို ယူထား၍ သန့်ရှင်းသောဝိညာဉ်တော်ကို လှည့်စားပြီ။
ဘုရားသခင်၏ နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထိရောက်ကာ သန်လျက်တကာတို့ထက် ထက်၏။ ထိုနှုတ်ကပတ်တော်သည် အသက်နှင့် စိတ်ဝိညာဉ်ကိုလည်းကောင်း၊ အရိုးအဆစ်နှင့် ခြင်ဆီကိုလည်းကောင်း ထိုးဖောက်ကာ ပိုင်းခြားနိုင်ပြီး လူတို့၏ စိတ်အတွင်းမှ တွေးတောကြံစည်မှုတို့ကို သိမြင်နိုင်၏။
ငါသည် သူ၏သားသမီးများကို အသက်ဆုံးစေမည်။ ငါသည် လူတို့၏စိတ်နှလုံးနှင့် အကြံအစည်ကိုဆန်းစစ်သောသူဖြစ်ကြောင်း အသင်းတော်အပေါင်းတို့သည် သိကြလိမ့်မည်။ သင်တို့အသီးသီး၏အကျင့်နှင့်အညီ ထိုက်သင့်သည့်အတိုင်း ငါပေးဆပ်မည်။