သို့သော် ယေရှုသည် ပေတရုထံသို့ မျက်နှာမူလျက် “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည်ငါ့အတွက် ဆူးငြောင့်ခလုတ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
လုကာ 4:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကလည်း “ကျမ်းစာ၌ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``သင်၏ဘုရားသခင်ထာဝရ ဘုရားကိုသာလျှင် ဦးညွှတ်ရှိခိုးရမည်ဟု ကျမ်းစာတော်တွင်ဖော်ပြပါရှိ၏'' ဟုပြန် လည်မိန့်တော်မူ၏။ Garrad Bible ယေ ရှု က၊ သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို သာ ရှိ ခိုး ဝတ် ပြု ရ မည် ဟူ သော ကျမ်း ချက် ရှိ သည် ဟု ပြန်၍ မိန့် တော် မူ ၏။ Judson Bible ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင်၏ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်ရမည်။ ထိုဘုရားသခင်ကိုသာ ဝတ်ပြုရမည် ကျမ်းစာလာသည်ဟု ပြန်ပြောတော်မူ၏။ |
သို့သော် ယေရှုသည် ပေတရုထံသို့ မျက်နှာမူလျက် “အို စာတန်… ငါ့အနားမှ ထွက်သွားလော့။ သင်သည်ငါ့အတွက် ဆူးငြောင့်ခလုတ်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် သင်သည် ဘုရားသခင်၏ရှုထောင့်မှ မတွေးဘဲ လူ့ရှုထောင့်ဖြင့်သာ တွေးသည်” ဟု ဆုံးမတော်မူ၏။
ယေရှုက “အို စာတန်မာရ်နတ်… ငါ့ထံမှ ထွက်သွားလော့။ ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကိုသာ ကိုးကွယ်ရမည်။ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ ဟူ၍ ဖြစ်သည်” ဟု မိန့်တော်မူ၏။
ယေရှုကလည်း “ကျမ်းစာ၌ ‘လူသည် အစာအားဖြင့်သာ အသက်ရှင်ရသည်မဟုတ်’ ဟူ၍ ရေးသားထားသည်” ဟု မိန့်တော်မူ၏။
ထို့ကြောင့် သင်သည် ငါ့ကို ကိုးကွယ်လျှင် ဤအရာရှိသမျှကို သင့်အား ငါပေးမည်” ဟု လျှောက်လေ၏။
ထို့ကြောင့် ဘုရားသခင်ကို နာခံကြလော့။ မာရ်နတ်ကို ဆန့်ကျင်ကြလော့။ သို့ပြုလျှင် သူသည် သင်တို့ထံမှ ထွက်ပြေးသွားလိမ့်မည်။
သင်တို့၏ ယုံကြည်ခြင်းကို ခိုင်ခံ့မြဲမြံစေ၍ ထိုမာရ်နတ်ကို ငြင်းဆန်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာတစ်ဝန်းရှိ သင်တို့၏ညီအစ်ကိုမောင်နှမများသည်လည်း ထိုကဲ့သို့သော ဆင်းရဲဒုက္ခကို ခံစားနေရကြောင်း သင်တို့သိကြသောကြောင့်ဖြစ်၏။
ထိုအခါ ကျွန်ုပ်သည် ထိုကောင်းကင်တမန်ကို ရှိခိုးရန် သူ၏ခြေရင်း၌ ဝပ်တွား၏။ သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ ယေရှုအကြောင်း သက်သေခံချက်ကို သစ္စာရှိစွာ ထိန်းသိမ်းသော သင့်ညီအစ်ကိုမောင်နှမများ၏ အစေခံချင်းလည်း ဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့။ ပရောဖက်ပြုချက်၏အနှစ်သာရသည် ယေရှုအကြောင်း သက်သေခံချက်ပင် ဖြစ်၏” ဟု ဆို၏။
သို့သော် သူက “ထိုသို့မပြုနှင့်။ ငါသည် သင်မှစ၍ သင်၏ညီအစ်ကို ပရောဖက်တို့နှင့် ဤစာစောင်ကို လိုက်နာသောသူအားလုံး၏ အစေခံချင်းဖြစ်၏။ ဘုရားသခင်ကိုသာ ရှိခိုးလော့” ဟု ဆိုလေ၏။