ယေရှုကလည်း နတ်ဆိုးကို နှင်ထုတ်တော်မူသဖြင့် ထိုဆွံ့အသူသည် စကားပြောလေ၏။ လူထုပရိသတ်တို့သည် အံ့ဩ၍ “အစ္စရေးလူမျိုးတွင် ဤကဲ့သို့သော အဖြစ်အပျက်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးပါ” ဟု ပြောဆိုကြ၏။
လုကာ 4:36 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသူ၏စကားသည် မည်သို့နည်း။ အခွင့်အာဏာနှင့် တန်ခိုးတော်အားဖြင့် နတ်ဆိုးတို့ကို အမိန့်ပေးသောအခါ သူတို့သည် ထွက်သွားကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။ Common Language Bible လူအပေါင်းတို့သည်အံ့သြလျက် ``ဤသူ၏ အမိန့်စကားကားအဘယ်သို့နည်း။ သူသည် ညစ်ညမ်းသောနတ်များအားထွက်သွားရန် တန်ခိုးအာဏာဖြင့်အမိန့်ပေး၍ သူတို့သည် ထွက်သွားကြပါသည်တကား'' ဟုအချင်း ချင်းပြောဆိုကြ၏။- Garrad Bible အ န္တ ရာယ် မ ပြု ဘဲ ထွက် ခွာ၏။ ရှိ သ မျှ တို့ လည်း အံ့ သြ၍ ဤ ဒေ သ နာ မှာ မည် သို့ နည်း။ နတ် ဆိုး များ ပင် အာ ဏာ တန် ခိုး နှင့် အ မိန့် ရှိ က ထွက် ခွာ ရ ကြ ပါ သည် တ ကား ဟု အ ချင်း ချင်း ပြော ဆို ကြ၏။ Judson Bible လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသောနတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤစကားသည် မည်သို့သောစကားနည်း။ ညစ်ညူးသောနတ်များကို အခွင့်အာဏာနှင့် တန်ခိုးတို့ဖြင့် အမိန့်ပေးလေရာ ၎င်းတို့သည် ထွက်သွားကြပါသည်တကား”ဟု အချင်းချင်းပြောဆိုကြ၏။ မြန်မာ လူအပေါင်းတို့သည် မိန်းမောတွေဝေ၍၊ ဤစကားသည် အဘယ်သို့သောစကားနည်း၊ ညစ်ညူးသောနတ်တို့ကို အာဏာတန်ခိုးနှင့် မှာထား၍ သူတို့သည် ထွက်သွားကြသည်တကားဟု အချင်းချင်း ဆွေးနွေးပြောဆိုကြ၏။- |
ယေရှုကလည်း နတ်ဆိုးကို နှင်ထုတ်တော်မူသဖြင့် ထိုဆွံ့အသူသည် စကားပြောလေ၏။ လူထုပရိသတ်တို့သည် အံ့ဩ၍ “အစ္စရေးလူမျိုးတွင် ဤကဲ့သို့သော အဖြစ်အပျက်ကို မည်သည့်အခါမျှ မမြင်ခဲ့ဖူးပါ” ဟု ပြောဆိုကြ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသွန်သင်မှုအသစ်သည် မည်သို့နည်း။ အာဏာပါသည့် သွန်သင်မှုပါတကား။ နတ်ဆိုးများပင် သူ၏ အမိန့်ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
ထိုသူတို့သည် အလွန်အမင်း အံ့အားသင့်လျက် “ထိုအရှင်ပြုသမျှသည် အံ့ဖွယ်ဖြစ်၏။ နားမကြားသူကို ကြားစေ၍ ဆွံ့အသူကို စကားပြောစေတော်မူပြီ” ဟု ဆိုကြ၏။
ကိုယ်တော်သည် အခွင့်အာဏာဖြင့် ဟောပြောသောကြောင့် ထိုသူတို့က သူ၏သွန်သင်ချက်ကို အံ့သြကြ၏။
ခရစ်တော်သည် ကောင်းကင်ဘုံသို့ တက်ကြွတော်မူပြီး ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်လျက် ကောင်းကင်တမန်များ၊ အာဏာစက်များ၊ တန်ခိုးရှင်များကို အုပ်စိုးတော်မူ၏။