ပရောဖက်ဟေရှာယက “တောကန္တာရ၌ လူတစ်ဦး ကြွေးကြော်လျက်နေသည်မှာ ‘ထာဝရဘုရားကြွလာမည့်လမ်းတော်ကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းတော်ကို ဖြောင့်ဖြူးစေကြလော့’ ဟူ၍ ဖြစ်၏” ဟု ဟောပြောရာတွင် ဤယောဟန်ကို ဆိုလို၏။
လုကာ 3:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပရောဖက်ဟေရှာယ၏ကျမ်းတွင် ဟောထားသည်နှင့်အညီ “တောကန္တာရ၌ လူတစ်ဦး ကြွေးကြော်လျက်နေ၏။ ထိုသူ၏အသံမှာ ‘ထာဝရဘုရားကြွလာမည့်လမ်းတော်ကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းတော်ကို ဖြောင့်ဖြူးစေကြလော့။ Common Language Bible ပရောဖက်ဟေရှာယကျမ်းတွင်ပါရှိသည်နှင့် အညီ၊ တောကန္တာရတွင်လူတစ်ယောက်သည် ကြွေး ကြော်လျက်နေသည်မှာ၊ `ကိုယ်တော်ရှင်ကြွတော်မူရာလမ်းကို အသင့်ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကိုဖြောင့်တန်းအောင်ပြုကြလော့။ Garrad Bible ဟော ပြော ခြင်း ကား သဲ တော၌ ကြွေး ကြော် သူ၏ စ ကား သံ မှာ ထာ ဝ ရ ဘု ရား ကြွ တော် မူ ရာ လမ်း ကို ပြု ပြင် ကြ လော့။ လမ်း တော် များ ကို ညီ ညွတ် စေ ကြ လော့။ ချိုင့် ရှိ သ မျှ သည် ဖို့ ခြင်း၊ တောင် ကုန်း ရှိ သ မျှ သည် ဖြို ခြင်း၊ ကောက် ရာ သည် ဖြောင့် ခြင်း၊ ကြမ်း ရာ သည် ချော ခြင်း များ ကို ခံ ရ သ ဖြင့် ဘု ရား သ ခင်၏ ကယ် တင် မှု ကို လူ အ ပေါင်း တို့ ဖူး မြင် ရ ကြ လ တ္တံ့ ဟူ၍ ပ ရော ဖက် ဟေ ရှာ ယ ကျမ်း တွင် ပါ ရှိ သည် နှင့် အ ညီ ဖြစ် သ တည်း။ Judson Bible လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ မြန်မာ့စံမီသမ္မာကျမ်း ဤသည်ကား “တောကန္တာရ၌ဟစ်ကြော်သောအသံမှာ ထာဝရဘုရား၏လမ်းတော်ကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကြောင်းများကို ဖြောင့်တန်းစေကြလော့။ မြန်မာ လမ်းခရီးတော်ကို ဖြောင့်စေကြလော့။ ချိုင့်ဝှမ်းရာရှိသမျှတို့ကို ဖို့ရမည်။ တောင်ကြီးတောင်ငယ် ရှိသမျှတို့ကို ဖြိုရမည်။ ကောက်သောလမ်းများကို ဖြောင့်စေရမည်။ |
ပရောဖက်ဟေရှာယက “တောကန္တာရ၌ လူတစ်ဦး ကြွေးကြော်လျက်နေသည်မှာ ‘ထာဝရဘုရားကြွလာမည့်လမ်းတော်ကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းတော်ကို ဖြောင့်ဖြူးစေကြလော့’ ဟူ၍ ဖြစ်၏” ဟု ဟောပြောရာတွင် ဤယောဟန်ကို ဆိုလို၏။
တောကန္တာရ၌ လူတစ်ဦး ကြွေးကြော်လျက်နေ၏။ ထိုသူ၏ အသံမှာ ‘ထာဝရဘုရားကြွလာမည့်လမ်းတော်ကို အသင့်ပြင်ဆင်ကြလော့။ ထိုအရှင်၏လမ်းတော်ကို ဖြောင့်ဖြူးစေကြလော့’ ဟူ၍ ဖြစ်၏” ဟု ရေးသားထား၏။
ယောဟန်က “ငါသည် ပရောဖက်ဟေရှာယ ဟောသည့်အတိုင်း ‘ထာဝရဘုရား၏ လမ်းခရီးတော်ကို ဖြောင့်ဖြူးအောင် ပြုပြင်ကြလော့’ ဟူ၍ တောကန္တာရတွင် ကြွေးကြော်သောသူ၏အသံ ဖြစ်၏” ဟု ဆိုလေ၏။
သူသည် အလင်းရှင်အကြောင်းကို သက်သေခံရန် လာ၏။ ဤသို့ သက်သေခံခြင်းမှာ လူအပေါင်းတို့သည် ထိုအလင်းရှင်ကို ယုံကြည်လာစေရန်ဖြစ်၏။