ယေရှုသည် ကပေရနောင်မြို့သို့ ကြွတော်မူသောအခါ ရောမတပ်မှူးတစ်ဦးသည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍
လုကာ 3:14 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရောမစစ်သားများကလည်း “ကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း” ဟု မေးမြန်းကြ၏။ ယောဟန်က “မည်သူ့ထံမျှ ငွေကို ခြိမ်းခြောက်၍ မတောင်းယူနှင့်။ သူတစ်ပါးကို မတရားမစွပ်စွဲနှင့်။ မိမိရသောလစာနှင့် ရောင့်ရဲကြလော့” ဟု ဆို၏။ Common Language Bible စစ်သားများကလည်း ``အကျွန်ုပ်တို့သည်အဘယ် သို့ပြုရပါမည်နည်း'' ဟုမေးလျှောက်ကြ၏။ ယောဟန်က ``သင်တို့သည်အဘယ်သူကိုမျှ မတရားမစွပ်မစွဲကြနှင့်။ အဘယ်သူ့ထံမှ ငွေကိုအဋ္ဌမ္မမတောင်းကြနှင့်။ သင်တို့ရသော လစာဖြင့်ရောင့်ရဲကြလော့'' ဟုပြန်ပြော၏။ Garrad Bible ကျွန် တော် တို့ လည်း မည် သို့ ပြု လုပ် ရ ပါ မည် နည်း ဟု စစ် သည် တို့ မေး ကြ လျှင် မည် သူ့ ကို မျှ နိုင် ထက် စီး နင်း ပြု၍ မ လျှပ် ဖြတ် ကြ နှင့်။ ကိုယ့် ရိ က္ခာ နှင့် ရောင့် ရဲ ကြ လော့ ဟု ပြန် ဆို၏။ Judson Bible စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့သည် အဘယ်သူကိုမျှ အနိုင်အထက် မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။ မြန်မာ့စံမီသမ္မာကျမ်း စစ်မှုထမ်းများသည်လည်း “အကျွန်ုပ်တို့သည် မည်သို့ပြုရမည်နည်း”ဟု မေးကြလျှင် ယောဟန်က “သူတစ်ပါးထံမှ ငွေညှစ်ယူခြင်း၊ မတရားတောင်းခံခြင်း မပြုကြနှင့်။ မိမိတို့ရသောလခနှင့် ရောင့်ရဲကြလော့”ဟု ပြန်ပြောလေ၏။ မြန်မာ စစ်သူရဲတို့ကလည်း အကျွန်ုပ်တို့သည် အဘယ်သို့ပြုရပါမည်နည်းဟု မေးလျှောက်ကြလျှင်၊ သင်တို့သည် အဘယ်သူကိုမျှ အနိုင်အထက် မပြုကြနှင့်။ အဘယ်သူကိုမျှ မလျှပ်ကြနှင့်။ ကိုယ်ရသောအခနှင့် ရောင့်ရဲကြလော့ဟု ပြန်ပြော၏။ |
ယေရှုသည် ကပေရနောင်မြို့သို့ ကြွတော်မူသောအခါ ရောမတပ်မှူးတစ်ဦးသည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍
ထို့နောက် ဇက္ခဲသည် ရပ်၍ သခင်ဘုရားအား “သခင်… အကျွန်ုပ်၏စည်းစိမ်ဥစ္စာတစ်ဝက်ကို ဆင်းရဲသားများအား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦးထံမှ မတရားကောက်ခံထားသောငွေရှိပါက လေးဆပြန်လျော်ပါမည်” ဟု လျှောက်လေ၏။
ယောဟန်က “သင်တို့သည် ရောမအစိုးရမင်း သတ်မှတ်ပေးသောနှုန်းထက် ပို၍ မကောက်ခံကြနှင့်” ဟု ဖြေဆို၏။
ထိုသို့ပြောဆိုသော ကောင်းကင်တမန် ထွက်ခွာသွားသောအခါ ကော်နေလိသည် အိမ်စေနှစ်ဦးနှင့် မိမိထံ၌ အမြဲအစေခံသောတပ်ထဲမှ ဘုရားတရားကိုင်းရှိုင်းသည့် စစ်သားတစ်ဦးကို ခေါ်၍
ထိုသို့ပြုလျှင် ဖောက်ပြန်ကောက်ကျစ်သည့်သူများ၏ အလယ်တွင် သင်တို့သည် ဖြူစင်ရိုးသားပြီး အပြစ်ဆိုဖွယ်မရှိသောသူများ၊ အပြစ်အနာအဆာကင်းသော ဘုရားသားသမီးများ ဖြစ်ကြလိမ့်မည်။ ဤလောက၌ ထိုသူတို့၏ အလယ်တွင် ကြယ်များကဲ့သို့ ထွန်းလင်းတောက်ပကြလိမ့်မည်။
ကျွန်ုပ်သည် ဆင်းရဲနွမ်းပါးသောကြောင့် ဤသို့ပြောရသည် မဟုတ်။ မည်သည့်အခြေအနေမျိုးတွင်ဖြစ်စေ တင်းတိမ်ရောင့်ရဲတတ်ရန် ကျွန်ုပ်သင်ယူခဲ့ပြီ ဖြစ်၏။
ထိုနည်းတူ အသက်ကြီးသောအမျိုးသမီးတို့အား ဘုရားတရားကြည်ညို၍ အတင်းအဖျင်းမပြောသူ၊ သေရည်သေရက်သောက်ကြူးသူ မဖြစ်ဘဲ ကောင်းသောအရာများကို သင်ပေးတတ်သူ ဖြစ်ရန် အကြံပေးလော့။
ထို့နောက် ကောင်းကင်မှ ကျယ်လောင်သောအသံဖြင့် “ယခုတွင် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်း၊ တန်ခိုးတော်၊ နိုင်ငံတော်နှင့် ခရစ်တော်၏ အခွင့်အာဏာတို့သည် ပေါ်ထွန်းလာပြီ။ ငါတို့ဘုရားသခင်၏ ရှေ့တော်၌ပင် ငါတို့၏ညီအစ်ကိုမောင်နှမများကို နေ့ရောညပါ စွပ်စွဲသူသည် ကမ္ဘာမြေပေါ်သို့ ပစ်ချခံရပြီ။