ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
လုကာ 24:50 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် တပည့်တော်တို့အား ဗေသနိရွာထိတိုင် ခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ ကောင်းချီးပေးတော်မူ၏။ Common Language Bible ကိုယ်တော်သည်တပည့်တော်တို့အားဗေသနိရွာ သို့ခေါ်ဆောင်သွားတော်မူပြီးလျှင်လက်တော်ကို ချီ၍ကောင်းချီးပေးတော်မူ၏။- Garrad Bible ထို နောက် ကိုယ် တော် သည် တ ပည့် တော် တို့ ကို ဗေ သ နိ ရွာ အ နီး ရောက် ခေါ် သွား ပြီး လျှင် လက် စုံ ချီ ၍ ကောင်း ကြီး ပေး တော် မူ ၏။ Judson Bible ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကိုချီ၍ ကောင်းကြီးပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ဗေသနိရွာသို့တိုင်အောင် သူတို့ကိုခေါ်ဆောင်သွားပြီးလျှင် လက်တော်ကိုမြှောက်၍ သူတို့ကိုကောင်းချီးပေးတော်မူ၏။ မြန်မာ ထိုနောက် တပည့်တော်တို့ကို ယေရုရှလင်မြို့ပြင်၊ ဗေသနိရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှ၊ လက်တော်ကိုချီ၍ ကောင်းကြီးပေးတော်မူ၏။- |
ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ဗေသနိရွာသို့ ကြွကာ ထိုရွာ၌ တစ်ညတာတည်းခိုတော်မူ၏။
ထို့နောက် ကိုယ်တော်သည် ကလေးငယ်များကို ပွေ့ချီကာ သူတို့ခေါင်းပေါ်၌ လက်တော်တင်၍ ကောင်းချီးပေးတော်မူ၏။
ကိုယ်တော်နှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေ၌ ရှိသော ဗက်ဖာဂေရွာနှင့် ဗေသနိရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍
ထိုသို့ ကောင်းချီးပေးနေတော်မူစဉ်တွင်ပင် သူတို့ထံမှခွဲခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။
ထို့နောက် တမန်တော်တို့သည် သံလွင်တောင်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားကြ၏။ သံလွင်တောင်သည် ဂျေရုဆလင်မြို့နှင့် မိုင်ဝက်ခရီးခန့် ကွာဝေး၏။
ထိုသို့ မိန့်တော်မူပြီးနောက် တမန်တော်တို့သည် ကြည့်ရှုနေကြစဉ် သခင်ဘုရားသည် ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကိုခံတော်မူ၍ မိုးတိမ်သည် ကိုယ်တော်ကို သူတို့၏မြင်ကွင်းမှ ဖုံးကွယ်လေ၏။
ကိုးကွယ်သည့်နေရာတိုင်း၌ အမျိုးသားတို့သည် အမျက်ထွက်ခြင်း၊ ငြင်းခုံခြင်း မရှိဘဲ သန့်ရှင်းစွာ နေထိုင်၍ မိမိတို့၏ လက်ကို မြှောက်လျက် ဆုတောင်းကြရန် ကျွန်ုပ်အလိုရှိ၏။