သင်တို့သည်လည်း ငါအမှုတော်လုပ်ငန်း စတင်စဉ်ကပင် ငါနှင့်အတူ ရှိနေခဲ့သောကြောင့် ငါ့အကြောင်းကို သက်သေခံကြရမည်။
လုကာ 24:48 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည်လည်း ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။ Common Language Bible သင်တို့အားထိုအဖြစ်အပျက်များနှင့် ပတ်သက်၍မျက်မြင်သက်သေများဖြစ်ကြ၏။- Garrad Bible ထို အ ဖြစ် အ ပျက် များ နှင့် စပ် လျဉ်း သော သက် သေ ခံ များ ကား သင် တို့ တည်း။ Judson Bible သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် ဤအကြောင်းအရာတို့၏သက်သေများဖြစ်ကြ၏။ မြန်မာ သင်တို့သည်လည်း ဤအကြောင်းအရာတို့၏ သက်သေဖြစ်ကြ၏။- |
သင်တို့သည်လည်း ငါအမှုတော်လုပ်ငန်း စတင်စဉ်ကပင် ငါနှင့်အတူ ရှိနေခဲ့သောကြောင့် ငါ့အကြောင်းကို သက်သေခံကြရမည်။
သို့ရာတွင် သင်တို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်သောအခါ သင်တို့သည် တန်ခိုးကိုရရှိ၍ ဂျေရုဆလင်မြို့၊ ယုဒပြည်၊ ရှမာရိပြည်၊ ကမ္ဘာမြေအဆုံးတိုင်အောင် ငါ၏သက်သေခံများဖြစ်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့သည် ဂျူးတို့၏တိုင်းပြည်နှင့် ဂျေရုဆလင်မြို့တွင် ယေရှုပြုတော်မူခဲ့သောအခြင်းအရာအားလုံး၏သက်သေများဖြစ်ကြ၏။ ထိုသူတို့သည် ယေရှုကို သစ်တိုင်တွင်ဆွဲ၍ သတ်ခဲ့ကြ၏။
သို့ရာတွင် လူအပေါင်းတို့ထံ၌ ကိုယ်ထင်ပြစေတော်မူသည်မဟုတ်။ ဘုရားသခင်ကိုယ်တိုင် သက်သေများအဖြစ် ကြိုတင်ရွေးချယ်ထားသော ကျွန်ုပ်တို့ထံ၌သာ ကိုယ်ထင်ပြစေတော်မူ၏။ ယေရှုခရစ်တော် သေခြင်းမှ ထမြောက်တော်မူပြီးနောက် ကျွန်ုပ်တို့သည်လည်း ထိုသခင်နှင့်အတူ စားသောက်ကြ၏။
ထိုအရှင်သည် ဂါလိလဲပြည်မှ ဂျေရုဆလင်မြို့သို့ သူနှင့်အတူ လိုက်ပါလာကြသောသူတို့အား ရက်ပေါင်းများစွာ ကိုယ်ထင်ပြတော်မူ၏။ ယခုတွင် ထိုသူတို့သည် လူများရှေ့တွင် သခင်ဘုရား၏သက်သေများဖြစ်ကြ၏။
ဘုရားသခင်သည် ယေရှုအား သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၍ ငါတို့သည်လည်း ထိုထမြောက်ခြင်း၏သက်သေများဖြစ်ကြ၏။
သင်သည် မိမိမြင်ရ၊ ကြားရသမျှအတွက် လူအများရှေ့တွင် ထိုအရှင်၏သက်သေဖြစ်ရလိမ့်မည်။
သင်တို့သည် အသက်၏အရှင်သခင်ကို သတ်၍ ဘုရားသခင်သည် ထိုသခင်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူ၏။ ထိုသို့ ထမြောက်စေတော်မူသည်ကို ငါတို့သည် ကိုယ်တိုင်မြင်တွေ့ကြ၏။
သခင်ယေရှု၏ရှင်ပြန်ထမြောက်တော်မူခြင်းကို တမန်တော်တို့သည် ကြီးမြတ်သောတန်ခိုးနှင့် သက်သေခံကြသဖြင့် ဘုရားသခင်၏ကြီးမြတ်သောကျေးဇူးတော်သည်လည်း သူတို့အပေါ်တွင် ရှိလေ၏။
ကျွန်ုပ်တို့သည် ထိုအကြောင်းအရာများ၏အသိသက်သေများဖြစ်ကြ၏။ ထိုအရှင်ကို နာခံသောသူတို့အား ဘုရားသခင်ပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သက်သေဖြစ်တော်မူ၏” ဟူ၍ ပြန်ဖြေကြ၏။
ထို့ကြောင့် ခရစ်တော်၏ဆင်းရဲဒုက္ခကို မြင်တွေ့သည့်သက်သေဖြစ်သူ၊ ထင်ရှားလာမည့် ကိုယ်တော်၏ ဘုန်းအသရေကို မျှဝေခံစားသူ ကျွန်ုပ်သည် အသင်းတော်အကြီးအကဲတစ်ဦးအနေဖြင့် သင်တို့ထဲမှ အသင်းတော်အကြီးအကဲများကို တိုက်တွန်းနှိုးဆော်လိုက်၏။