ယေရှုက “သင်တို့သည် ခရီးသွားလျက် မည်သည့်အကြောင်းအရာများကို အချင်းချင်းဆွေးနွေးနေကြသနည်း” ဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် ဝမ်းနည်းရိပ်သန်းလျက် ရပ်နေကြ၏။
လုကာ 24:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့ထဲမှ ကလောဖအမည်ရှိသောသူက “ဂျေရုဆလင်မြို့သို့ ဧည့်သည်အဖြစ် လာသောသူများအနက် ဤရက်များအတောအတွင်း ဖြစ်ပျက်ခဲ့သောအကြောင်းအရာများကို မသိသူမှာ သင်တစ်ဦးတည်းသာ ဖြစ်သလော” ဟု ဆိုလေ၏။ Common Language Bible သူတို့အနက်ကလောဖဆိုသူက ``ယေရုရှလင် မြို့သို့လာရောက်သောဧည့်သည်များအနက်သင် တစ်ဦးတည်းသာလျှင် ဤရက်များအတောအတွင်း ၌ယေရုရှလင်မြို့တွင်ဖြစ်ပျက်သည့်အမှုအရာ များအကြောင်းကိုမသိဘဲနေပါသလော'' ဟု ဆို၏။ Garrad Bible က လော ဖ အ မည် ရှိ သူ က သင် သည် ယေ ရု ရှ လင် မြို့ တွင် တစ် ကိုယ် တည်း အာ ဂ န္တု ဖြစ် လျက် ပင် ယ ခု နေ့ ရက် ကာ လ ထို မြို့ တွင် အ ဖြစ် အ ပျက် များ ကို မ ကြား မ သိ လော ဟု ပြန် ဆို လျှင်၊ Judson Bible သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကလောဖအမည်ရှိသူက “သင်သည်ဂျေရုဆလင်မြို့၌ ဧည့်သည်အဖြစ်နေထိုင်လျက်ပင် ဤရက်များအတွင်း ထိုမြို့၌ဖြစ်ပျက်ခဲ့သောအရာများကို သင်တစ်ဦးတည်းသာမသိဘဲနေသလော”ဟု ဆို၏။ မြန်မာ သူတို့တွင် ကလောဖအမည်ရှိသောသူက၊ သင်သည် ယေရုရှလင်မြို့၌ ဧည့်သည်ဖြစ်လျက်သာ ယခုအခါ ထိုမြို့၌ ဖြစ်ခဲ့ပြီးသော အကြောင်းအရာတို့ကို မသိသလောဟု ပြောဆို၏။- |
ယေရှုက “သင်တို့သည် ခရီးသွားလျက် မည်သည့်အကြောင်းအရာများကို အချင်းချင်းဆွေးနွေးနေကြသနည်း” ဟု မေးတော်မူ၏။ ထိုအခါ သူတို့သည် ဝမ်းနည်းရိပ်သန်းလျက် ရပ်နေကြ၏။
ထိုအခါ ယေရှုက “မည်သည့်အကြောင်းအရာများ ဖြစ်သနည်း” ဟု မေးတော်မူ၏။ ထိုသူတို့က “နာဇရက်မြို့သားယေရှုဆိုသောသူ၏အကြောင်းအရာများဖြစ်၏။ ထိုသူသည် ဘုရားရှေ့၊ လူရှေ့တွင် အံ့ဖွယ်တန်ခိုးလက္ခဏာကိုပြု၍ နှုတ်သတ္တိရှိသော ပရောဖက်တစ်ပါးဖြစ်၏။
ယေရှု၏ မယ်တော်၊ မယ်တော်၏ညီမ၊ ကလောဖ၏ဇနီး မာရိနှင့် မာဂဒလမာရိတို့သည် လက်ဝါးကပ်တိုင်အနီးတွင် ရပ်လျက်နေကြ၏။