‘ငါတို့သည် သင်တို့အတွက် တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ငိုချင်းကို သီဆိုသော်လည်း မငိုကြွေးကြ’ ဟူ၍ အချင်းချင်းပြောဆိုကြ၏။
လုကာ 23:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအုပ်ကြီးသည်လည်း နောက်တော်သို့လိုက်ကြ၏။ ထိုလူအုပ်ကြီးထဲတွင် ယေရှုအတွက် ဝမ်းနည်း၍ ငိုကြွေးနေကြသောအမျိုးသမီးများလည်း ပါဝင်၏။ Common Language Bible လူပရိသတ်ကြီးသည်နောက်တော်မှလိုက်ကြ၏။ အမျိုးသမီးအချို့တို့သည်မိမိတို့ရင်ကို တီးခတ်ငိုကြွေးလျက်လိုက်ကြ၏။- Garrad Bible မြောက် မြား သော ပြည် သူ ပြည် သား တို့ နှင့် ရင် တီး လျက် မြည် တမ်း သော မိန်း မ များ တို့ သည် နောက် တော် က လိုက် ကြ ရာ၊ Judson Bible နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချို့ပါ၏။- မြန်မာ့စံမီသမ္မာကျမ်း လူအမြောက်အမြားနှင့်တကွ ကိုယ်တော်အတွက် ရင်ဘတ်စည်တီးလျက်မြည်တမ်းနေကြသော အမျိုးသမီးတို့သည် ကိုယ်တော်၏နောက်မှလိုက်သွားကြ၏။ မြန်မာ နောက်တော်၌ လိုက်သောလူများအပေါင်းတို့တွင်၊ ကိုယ်တော်ကြောင့် ငိုကြွေးမြည်တမ်းသော မိန်းမအချို့ပါ၏။- |
‘ငါတို့သည် သင်တို့အတွက် တီးမှုတ်သော်လည်း သင်တို့သည် မကကြ။ ငိုချင်းကို သီဆိုသော်လည်း မငိုကြွေးကြ’ ဟူ၍ အချင်းချင်းပြောဆိုကြ၏။
ယေရှုကို အလုပ်အကျွေးပြုရန် ဂါလိလဲပြည်မှ အတူပါလာကြသည့် အမျိုးသမီးများစွာတို့သည်လည်း အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။
အမျိုးသမီးတချို့သည် အဝေးက ရပ်လျက် စောင့်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလမာရိ၊ ယာကုပ်အငယ်နှင့် ယောသေတို့၏ မိခင်ဖြစ်သော မာရိနှင့် ရှာလုံတို့ ပါကြ၏။
ယေရှုသည် ထိုသူတို့ဘက်သို့ လှည့်၍ “ဂျေရုဆလင်မြို့သူတို့… ငါ့အတွက်မငိုကြွေးကြနှင့်။ သင်တို့နှင့် သင်တို့၏သားသမီးများအတွက်သာ ငိုကြွေးကြလော့။
ဂါလိလဲပြည်မှ ယေရှုနှင့်အတူ ရောက်လာကြသောအမျိုးသမီးများက ယောသပ်နောက်သို့လိုက်သဖြင့် သင်္ချိုင်းဂူနှင့် အလောင်းတော်အား မည်ကဲ့သို့ထားသည်ကို တွေ့မြင်ကြရ၏။
နတ်ဆိုးပူးခြင်းဘေးနှင့် အနာရောဂါဘေးတို့မှ သက်သာပျောက်ကင်းသွားသော အမျိုးသမီးတချို့သည်လည်း လိုက်ကြ၏။ ထိုအမျိုးသမီးများအနက် နတ်ဆိုးခုနစ်ကောင်ထွက်သွားသော မာဂဒလမြို့သူဟု ခေါ်သည့်မာရိ၊
လူတို့သည် ထိုမိန်းကလေးအတွက် ရင်ဘတ်ထုလျက် အလွန်ငိုကြွေးကြသော်လည်း ယေရှုက “မငိုကြွေးကြနှင့်။ ဤမိန်းကလေးသည် သေသည်မဟုတ်။ အိပ်ပျော်နေခြင်းသာဖြစ်သည်” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆိုရလျှင် ငါ၌ ဖြစ်ပျက်လာမည့်အရာကြောင့် သင်တို့သည် ငိုကြွေးမြည်တမ်းကြလိမ့်မည်။ သို့သော် လောကီသားတို့မှာမူ ဝမ်းမြောက်ကြလိမ့်မည်။ သင်တို့သည် ဝမ်းနည်းပူဆွေးကြသော်လည်း ထိုဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည်။