ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
လုကာ 22:60 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ပေတရုက “မိတ်ဆွေ… သင်ပြောဆိုနေသည့်အရာကို ကျွန်ုပ်မသိပါ” ဟု ဆို၏။ ထိုစကားကို ပြောနေစဉ်အတွင်း၌ပင် ကြက်တွန်လေ၏။ Common Language Bible သို့ရာတွင်ပေတရုက ``အချင်းလူ၊ သင်ပြော သောအကြောင်းအရာကိုငါမသိ'' ဟုဆို၏။ ဤသို့ပေတရုပြောဆိုနေစဉ်ကြက်တွန်လေ၏။- Garrad Bible ပေ တ ရု က အ ချင်း လူ၊ သင် ပြော သည် ကို ငါ မ သိ ဟု ဆို လျှင် ဆို ချင်း ကြက် တွန် လေ၏။ Judson Bible ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏချင်းတွင် ကြက်တွန်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ပေတရုက “အချင်းလူ၊ သင်ပြောနေသည့်အရာကို ငါမသိ”ဟု ဆို၏။ ထိုသို့ သူပြောနေသည့်အချိန်၌ပင် ကြက်တွန်လေ၏။ မြန်မာ ပေတရုက၊ အချင်းလူ၊ သင်ပြောသောအရာကို ငါမသိဟုဆို၏။ ထိုစကားကိုပြောသော ခဏချင်းတွင် ကြက်တွန်လေ၏။- |
ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ည၌ပင် ကြက်မတွန်မီ သင်သည် ငါ့ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုက “ပေတရု၊ သင့်အားငါပြောဆိုသည်မှာ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
တစ်နာရီခန့်မျှ ကြာသော် အခြားတစ်ဦးက “ဤလူသည်လည်း ယေရှုနှင့်အတူရှိခဲ့သောသူ အမှန်ပင်ဖြစ်၏။ ဤလူသည် ဂါလိလဲပြည်သားဖြစ်သည်” ဟု အခိုင်အမာဆိုလေ၏။
ထိုအခါ သခင်ဘုရားသည် လှည့်၍ ပေတရုကို ကြည့်တော်မူ၏။ ပေတရုသည်လည်း “ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းဆိုလိမ့်မည်” ဟူသော သခင်ဘုရား၏စကားတော်ကို သတိရ၏။