ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍
လုကာ 22:39 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် အပေါ်ထပ်ခန်းမကြီးမှ ထွက်ခွာ၍ အလေ့အထရှိတော်မူသည့်အတိုင်း သံလွင်တောင်သို့ ကြွတော်မူရာ တပည့်တော်များသည်လည်း နောက်တော်သို့ လိုက်ကြ၏။ Common Language Bible ကိုယ်တော်သည်အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့် တော်တို့သည်နောက်တော်သို့လိုက်ကြ၏။- Garrad Bible ထို နောက် ကိုယ် တော် သည် ထွက်၍ အ လေ့ တော် အ တိုင်း သံ လွင် တောင် သို့ ကြွ တော် မူ ရာ တ ပည့် တော် တို့ လိုက် ကြ၏။ Judson Bible ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည်ထွက်ခွာ၍ ပြုလေ့ရှိသည့်အတိုင်း သံလွင်တောင်ပေါ်သို့ကြွတော်မူ၏။ တပည့်တော်တို့သည်လည်း နောက်တော်သို့လိုက်ကြ၏။ မြန်မာ ထိုနောက် အလေ့တော်ရှိသည်အတိုင်း သံလွင်တောင်သို့ ထွက်ကြွတော်မူ၍၊ တပည့်တော်တို့သည် နောက်တော်သို့ လိုက်ကြ၏။- |
ယေရှုနှင့် တပည့်တော်တို့သည် ဂျေရုဆလင်မြို့သို့ ချဉ်းကပ်၍ သံလွင်တောင်ခြေရှိ ဗက်ဖာဂေရွာသို့ ရောက်လာကြ၏။ ထိုအခါ ယေရှုသည် တပည့်တော်နှစ်ပါးကို စေလွှတ်၍
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ထို့နောက် ကိုယ်တော်သည် ဂျေရုဆလင်မြို့သို့ ကြွ၍ ဗိမာန်တော်သို့ ဝင်တော်မူလျက် ရှိသမျှအရာတို့ကို ကြည့်ရှုတော်မူ၏။ ထို့နောက် ညနေပိုင်းအချိန်ရောက်သဖြင့် တပည့်တော်ဆယ့်နှစ်ပါးနှင့်အတူ ဗေသနိရွာသို့ ကြွတော်မူ၏။
ထို့နောက် ယေရှုသည် သံလွင်တောင်ပေါ်၌ ဗိမာန်တော်ဘက်သို့ မျက်နှာမူလျက် ထိုင်တော်မူစဉ် ပေတရု၊ ယာကုပ်၊ ယောဟန်နှင့် အန္ဒြေတို့သည် အခြားသူများမပါဘဲ ယေရှုထံတော်သို့ ချဉ်းကပ်၍
ထို့နောက် သူတို့သည် ဓမ္မသီချင်းတစ်ပုဒ်ကို သီဆိုကြပြီးနောက် သံလွင်တောင်သို့ ထွက်သွားကြ၏။
ယေရှုသည် နေ့ဘက်တွင် ဗိမာန်တော်ထဲ၌ ဟောပြောသွန်သင်တော်မူ၍ ညဘက်တွင် အပြင်သို့ထွက်ကြွကာ သံလွင်တောင်ပေါ်တွင် ညကို လွန်စေတော်မူတတ်၏။