သင်တို့ကမူ ထိုသို့မပြုကြနှင့်။ သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်လိုသူသည် သင်တို့၏ အစေခံဖြစ်ရမည်။
လုကာ 22:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်တို့ကမူ ထိုကဲ့သို့မဖြစ်စေနှင့်။ သင်တို့အထဲတွင် အမြင့်မြတ်ဆုံးဖြစ်သောသူသည် အသေးနုပ်ဆုံးကဲ့သို့လည်းကောင်း၊ ခေါင်းဆောင်ဖြစ်သောသူသည် အစေခံကဲ့သို့လည်းကောင်း နေရမည်။ Common Language Bible သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် စေသင့်။ သင်တို့တွင်အကြီးမြတ်ဆုံးဖြစ်သူ သည်အသိမ်ငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ခေါင်းဆောင်ဖြစ်သူသည်အစေခံကဲ့သို့ဖြစ် ရမည်။- Garrad Bible သင် တို့ တွင် မူ ကား ထို သို့ မ ဖြစ် စေ ရ။ ကြီး မြတ် သူ သည် သိမ် ငယ် သူ ကဲ့ သို့လည်း ကောင်း၊ အ ကြီး အ မှူး ဖြစ် သူ သည် အ စေ ခံ ကဲ့ သို့ လည်း ကောင်း ဖြစ် စေ။ Judson Bible သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့မူကား ထိုသို့မဖြစ်ရ။ သင်တို့တွင် အကြီးမြတ်ဆုံးဖြစ်သောသူသည် အငယ်ဆုံးသောသူကဲ့သို့ဖြစ်ရမည်။ ဦးဆောင်သောသူသည် လုပ်ကျွေးပြုစုသောသူကဲ့သို့ဖြစ်ရမည်။ မြန်မာ သင်တို့မူကား ထိုသို့မပြုကြနှင့်၊ သင်တို့တွင် အကဲအမှူးပြုသောသူကို ငယ်သားကဲ့သို့ဖြစ်စေ။ အုပ်စိုးသောသူကိုလည်း အစေခံကဲ့သို့ဖြစ်စေ။- |
သင်တို့ကမူ ထိုသို့မပြုကြနှင့်။ သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်လိုသူသည် သင်တို့၏ အစေခံဖြစ်ရမည်။
သင်တို့ကမူ ထိုသို့မပြုကြနှင့်။ သင်တို့အထဲတွင် ခေါင်းဆောင်ဖြစ်လိုသူသည် သင်တို့၏ အစေခံဖြစ်ရမည်။
ယေရှုသည် ထိုင်လျက် တပည့်တော်ဆယ့်နှစ်ပါးတို့ကို ခေါ်တော်မူ၍ “အကြီးမြတ်ဆုံးဖြစ်လိုသောသူသည် အသေးနုပ်ဆုံးဖြစ်၍ လူအပေါင်းတို့၏ အစေခံဖြစ်ရမည်” ဟု မိန့်တော်မူ၏။
ထို့နောက် တပည့်တော်တို့အား “ငါ့မျက်နှာကိုထောက်၍ ဤကဲ့သို့သောကလေးငယ်ကို လက်ခံသောသူသည် ငါ့ကိုလက်ခံ၏။ ငါ့ကို လက်ခံသောသူသည် ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်ကို လက်ခံ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့တွင် အငယ်ဆုံးသောသူသည် အကြီးမြတ်ဆုံးသောသူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ဤလောက၏ အမူအကျင့်နှင့် ဓလေ့တို့ကို အတုမယူကြနှင့်။ သင်တို့၏ စိတ်နှလုံးကို ပြောင်းလဲစေခြင်းအားဖြင့် စိတ်သစ်လူသစ် ဖြစ်ကြလော့။ သို့ပြုလျှင် ဘုရားသခင်အလိုရှိတော်မူသည့် ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ ပြည့်စုံသောအရာတို့သည် မည်သည့်အရာဖြစ်သည်ကို သင်တို့ပိုင်းခြားသိမြင်ကြလိမ့်မည်။
ထိုသို့ သင်တို့အား အပ်ထားသောသူတို့ကို အုပ်ထိန်းရာတွင် အုပ်စိုးခြယ်လှယ်မှုမပြုဘဲ သိုးစုကဲ့သို့သော လူတို့အတွက် စံနမူနာဖြစ်စေကြလော့။
ထိုနည်းတူ ငယ်ရွယ်သောသူတို့… အသင်းတော်အကြီးအကဲတို့ကို နာခံကြလော့။ တစ်ဦးကိုတစ်ဦး အချင်းချင်း ဆက်ဆံရာ၌ နှိမ့်ချသောစိတ်ကို တန်ဆာဆင်ကြလော့။ အဘယ်ကြောင့်ဆိုသော် ကျမ်းစာ၌ “မာနထောင်လွှားသောသူတို့ကို ဘုရားသခင်သည် ဆန့်ကျင်၍ နှိမ့်ချသောသူတို့ကို ကျေးဇူးပြုတော်မူ၏” ဟု ဆိုထားသောကြောင့်ဖြစ်၏။