သင့်အား ငါပြောဆိုသည်မှာ သင်သည် ကျောက်ဟု အဓိပ္ပာယ်ရသောပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို တည်ဆောက်မည်။ မရဏနိုင်ငံ၏တံခါးများပင် ထိုအသင်းတော်ကို အောင်နိုင်လိမ့်မည်မဟုတ်။
လုကာ 22:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော် မပေါ်ထွန်းမီအချိန်ထိ ယခုမှစ၍ ငါသည် စပျစ်ရည်ကို ထပ်မံမသောက်ဘဲနေမည်” ဟု မိန့်တော်မူ၏။ Common Language Bible သင်တို့အားငါဆိုသည်ကားယခုမှစ၍ ဘုရားသခင်၏နိုင်ငံမတည်မချင်းငါသည် စပျစ်ရည်ကိုနောက်တစ်ဖန်သောက်လိမ့်မည် မဟုတ်'' ဟုမိန့်တော်မူ၏။ Garrad Bible ဘု ရား သ ခင့် နိုင် ငံ တော် မ တည် မီ ယ ခု မှ တစ် ပါး စ ပျစ် ရည် ကို သောက် တော့ မည် မ ဟုတ် ငါ ဆို သည် ဟု မိန့် တော် မူ၏။ Judson Bible ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါဆိုသည်ကား ယခုမှစ၍ ဘုရားသခင်၏နိုင်ငံတော်မပေါ်ထွန်းမီတိုင်အောင် စပျစ်သီးမှဖြစ်သောအရည်ကို ငါလုံးဝသောက်မည်မဟုတ်”ဟု မိန့်တော်မူ၏။ မြန်မာ ငါဆိုသည်ကား၊ ဘုရားသခင်၏ နိုင်ငံတော် မတည်မီတိုင်အောင် ယခုမှစ၍ စပျစ်ရည်ကိုတစ်ဖန် ငါမသောက်ရဟု မိန့်တော်မူ၏။- |
သင့်အား ငါပြောဆိုသည်မှာ သင်သည် ကျောက်ဟု အဓိပ္ပာယ်ရသောပေတရုဖြစ်၏။ ဤကျောက်ပေါ်တွင် ငါ၏ အသင်းတော်ကို တည်ဆောက်မည်။ မရဏနိုင်ငံ၏တံခါးများပင် ထိုအသင်းတော်ကို အောင်နိုင်လိမ့်မည်မဟုတ်။
သင်တို့အား ငါပြောဆိုသည်မှာ ငါ့ခမည်းတော်၏ နိုင်ငံတော်၌ သင်တို့နှင့်အတူ စပျစ်ရည်အသစ်ကို ထပ်မံသောက်ရမည့်နေ့ မတိုင်မီအထိ စပျစ်ရည်ကို နောက်တစ်ဖန် ငါမသောက်” ဟု မိန့်တော်မူ၏။
စပျစ်ရည်ခွက်ကိုလည်း ယူ၍ ကျေးဇူးတော်ကို ချီးမွမ်းပြီးနောက် တပည့်တော်တို့အား ပေးတော်မူလျှင် သူတို့အားလုံးသည် သောက်ကြ၏။
သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏ နိုင်ငံတော်၌ သင်တို့နှင့်အတူ ထပ်မံသောက်ရသည့်နေ့ မတိုင်မီအထိ ဤစပျစ်ရည်ကို ငါမသောက်” ဟု မိန့်တော်မူ၏။
စစ်သားများက မုရန်နှင့် ရောစပ်ထားသောစပျစ်ဝိုင်ကို ကိုယ်တော်အား တိုက်ကြ၏။ သို့သော် ကိုယ်တော်သည် သောက်တော်မမူ။
ထို့နောက် ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးတော်နှင့်တကွ ပေါ်ထွန်းလာသည်ကို ဤနေရာ၌ ရပ်နေသောသူတို့ထဲမှ တချို့သည် မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ထိုနည်းတူပင် ငါဖော်ပြခဲ့သည့်အရာများ ဖြစ်ပျက်နေသည်ကို မြင်လျှင် ဘုရားသခင်၏နိုင်ငံတော် ပေါ်ထွန်းရန်နီးကပ်နေကြောင်း သိမှတ်ကြလော့။
သင်တို့အား ငါပြောဆိုသည်မှာ ပသခါပွဲတော်သည် ဘုရားသခင်၏နိုင်ငံတော်တွင် မပြည့်စုံမီအချိန်ထိ ဤပသခါပွဲတော်ညစာကို နောက်တစ်ဖန် ငါစားမည်မဟုတ်” ဟု မိန့်တော်မူ၏။
ငါအမှန်ဆိုရလျှင် ဤနေရာ၌ ရပ်နေကြသောသူ တချို့သည် ဘုရားသခင်၏နိုင်ငံတော်ကို မမြင်ဘဲ သေရမည်မဟုတ်” ဟု မိန့်တော်မူ၏။
ဘုရားသခင်သည် ကျွန်ုပ်တို့ကို အမှောင်၏ အုပ်စိုးမှုထဲမှ ကယ်တင်၍ မိမိချစ်တော်မူသော သားတော်၏ နိုင်ငံတော်ထဲသို့ ခေါ်သွင်းတော်မူ၏။