ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
လုကာ 20:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်နေ့သောအခါ ယေရှုသည် ဗိမာန်တော်၌ လူများအား သွန်သင်၍ သတင်းကောင်းကို ဟောပြောလျက်နေတော်မူ၏။ ထိုစဉ် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲများသည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ Common Language Bible တစ်နေ့သ၌ကိုယ်တော်သည်ဗိမာန်တော်တွင် လူတို့အားဆုံးမသြဝါဒပေး၍ သတင်း ကောင်းကိုဟောပြောလျက်နေတော်မူစဉ်ယဇ် ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများ နှင့်ဘာသာရေးခေါင်းဆောင်များသည်အထံ တော်ကိုလာကြ၏။- Garrad Bible တစ် နေ့ သ၌ ဗိ မာန် တော် တွင် လူ ပ ရိ သတ် အား ဒေ သ နာ ပေး လျက် သ တင်း တော် မြတ် ကို ဟော ပြော တော် မူ စဉ် ပ ရော ဟိတ် ကြီး များ၊ လူ ကြီး များ၊ ကျမ်း တတ် ဆ ရာ များ တို့ သည်၊ Judson Bible တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး၍ ဧဝံဂေလိတရားကို ဟောတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊- မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူတို့အားသွန်သင်လျက် ကောင်းမြတ်သောသတင်းကိုဟောပြောတော်မူစဉ် ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးများသည် ရောက်လာ၍ မြန်မာ တစ်နေ့သ၌ ကိုယ်တော်သည် ဗိမာန်တော်တွင် လူများကို ဆုံးမဩဝါဒပေး၍ ဧဝံဂေလိတရားကို ဟောတော်မူစဉ်၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲတို့သည် လာ၍၊- |
ထို့နောက် ယေရှုက လူထုအား “သင်တို့သည် ဓားပြတစ်ဦးကို ဖမ်းဆီးသကဲ့သို့ ငါ့ကို ဖမ်းဆီးရန် တုတ်များ၊ ဓားများနှင့် လာကြရသလော။ ငါသည် နေ့စဉ်နေ့တိုင်း ဗိမာန်တော်တွင် ထိုင်၍ ဟောပြောသွန်သင်နေစဉ် သင်တို့သည် ငါ့ကို မဖမ်းဆီးဘဲနေကြ၏။
“သင်သည် ဤအခြင်းအရာများကို မည်သည့်အခွင့်အာဏာဖြင့် လုပ်ဆောင်နေသနည်း။ သင့်အား ဤအခွင့်အာဏာကို မည်သူက ပေးသနည်း” ဟု မေးလျှောက်ကြ၏။
ထို့နောက် ယေရှုသည် မြို့ရွာအသီးသီးသို့ ကြွတော်မူ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ တပည့်တော်ဆယ့်နှစ်ပါးတို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။
ယေရှုက “ငါသည် ဤလောကတွင် လူသိရှင်ကြားဟောပြောခဲ့ပြီ။ လူအပေါင်းတို့သည် ငါသွန်သင်သမျှကို သိကြ၏။ ငါသည် ဂျူးလူမျိုးတို့စုဝေးရာဖြစ်သော ဝတ်ပြုဆောင်များနှင့် ဗိမာန်တော်၌ အစဉ်အမြဲဟောပြောသွန်သင်ခဲ့၏။ မည်သည့်အရာကိုမျှ လျှို့ဝှက်စွာမဟောပြောခဲ့ပါ။
ပေတရုနှင့် ယောဟန်တို့သည် လူတို့အား တရားဟောလျက်နေစဉ် ဗိမာန်တော်အစောင့်တပ်မှူးအပါအဝင် ယဇ်ပုရောဟိတ်များနှင့် ဇဒ္ဒုကဲတို့သည် သူတို့ထံသို့ ရောက်လာကြ၏။
သူတို့သည် လူများကိုလည်းကောင်း၊ အကြီးအကဲများနှင့် ကျမ်းတတ်ဆရာများကိုလည်းကောင်း သွေးထိုးကြပြီးနောက် သတေဖန်အား ဖမ်းဆီး၍ တရားလွှတ်တော်သို့ ခေါ်ဆောင်သွားကြ၏။