တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူသောစကားကို နားမလည်သော်လည်း ထိုအဓိပ္ပာယ်ကို မမေးလျှောက်ဝံ့ကြ။
လုကာ 2:50 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် မိဘတို့သည် ယေရှုပြောသောစကား၏အဓိပ္ပာယ်ကို နားမလည်ကြပေ။ Common Language Bible သူတို့သည်ထိုစကားကိုနားမလည်ကြ။ Garrad Bible ထို စ ကား ကို သူ တို့ နား မ လည် ကြ။ Judson Bible သူတို့သည် ထိုစကားကို နားမလည်ကြ။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် မိဘတို့သည် မိမိတို့အား ယေရှုပြောသောစကားကို နားမလည်ကြချေ။ မြန်မာ သူတို့သည် ထိုစကားကို နားမလည်ကြ။- |
တပည့်တော်တို့သည် ကိုယ်တော်မိန့်တော်မူသောစကားကို နားမလည်သော်လည်း ထိုအဓိပ္ပာယ်ကို မမေးလျှောက်ဝံ့ကြ။
သို့ရာတွင် တပည့်တော်တို့သည် ထိုအကြောင်းအရာတစ်ခုကိုမျှ နားမလည်ကြပေ။ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းအရာများ၏အနက်အဓိပ္ပာယ်ကို သူတို့ထံမှ ဝှက်ထားလျက်ရှိသောကြောင့် နားမလည်နိုင်ကြခြင်းဖြစ်၏။
သို့သော် ထိုစကားတော်၏အနက်အဓိပ္ပာယ်ကို ဖုံးကွယ်ထားတော်မူသည်ဖြစ်၍ တပည့်တော်တို့သည် နားမလည်ကြပေ။ ဤစကားတော်၏ဆိုလိုရင်းကိုလည်း မမေးလျှောက်ဝံ့ကြ။