ထို့နောက် ယေရှုသည် ဗိမာန်တော်သို့ ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်ဖောက်ကားနေကြသောသူအားလုံးကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်နေသောသူတို့၏ စားပွဲများနှင့် ချိုးငှက်ရောင်းသောသူတို့၏ ခုံများကို မှောက်လှန်တော်မူ၏။
လုကာ 2:49 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုကလည်း “အဘယ်ကြောင့် အကျွန်ုပ်ကို ရှာကြသနည်း။ အကျွန်ုပ်သည် ခမည်းတော်၏အိမ်တော်၌ ရှိနေရမည်ကို မသိကြသလော” ဟု ပြန်ဖြေလေ၏။ Common Language Bible သူငယ်တော်က ``အဘယ်ကြောင့်အကျွန်ုပ်ကိုရှာ ကြပါသနည်း။ အကျွန်ုပ်သည်ခမည်းတော်၏အိမ် တွင်ရှိနေရမည်ကိုမသိကြပါသလော'' ဟု ပြန်ပြော၏။- Garrad Bible အ ဘယ် ကြောင့် ရှာ ကြ သ နည်း။ ခ မည်း တော်၏ ဗိ မာန် တွင် အ ကျွန်ုပ် ရှိ နေ သင့် ကြောင်း မ သိ ကြ လော ဟု ပြန် ၍ မေး တော် မူ သော်၊ Judson Bible ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“အဘယ်ကြောင့် အကျွန်ုပ်ကိုရှာကြသနည်း။ အကျွန်ုပ်သည် အကျွန်ုပ်ခမည်းတော်၏အိမ်၌နေရမည်ကို မသိကြသလော”ဟု သူတို့အားပြန်ပြောလေ၏။ မြန်မာ ယေရှုက၊ မိဘသည် အဘယ်ကြောင့် အကျွန်ုပ်ကို ရှာရပါသနည်း။ အကျွန်ုပ်သည် အဘ၏အိမ်၌ နေရသည်ကို မသိပါသလောဟု ပြောဆိုလျှင်၊- |
ထို့နောက် ယေရှုသည် ဗိမာန်တော်သို့ ဝင်၍ ဗိမာန်တော်၌ ရောင်းဝယ်ဖောက်ကားနေကြသောသူအားလုံးကို နှင်ထုတ်တော်မူ၏။ ငွေလဲလှယ်နေသောသူတို့၏ စားပွဲများနှင့် ချိုးငှက်ရောင်းသောသူတို့၏ ခုံများကို မှောက်လှန်တော်မူ၏။
မိဘတို့သည် ယေရှုကို တွေ့သောအခါ အံ့အားသင့်၍ မိခင်က “ငါ့သား… သင်သည် အဘယ်ကြောင့် ငါတို့ကို ဤသို့ ပြုရသနည်း။ ငါနှင့် သား၏ဖခင်သည် သားကို အလွန်စိတ်ပူ၍ နေရာအနှံ့လိုက်ရှာခဲ့ရ၏” ဟု ပြောလေ၏။
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
သို့သော် ယေရှုက “ငါ့ခမည်းတော်သည် အစဉ် အလုပ်လုပ်တော်မူသကဲ့သို့ ငါသည်လည်း လုပ်၏” ဟု ပြန်ပြောတော်မူ၏။
သို့သော် ယောဟန်၏ သက်သေထက် ကြီးမြတ်သော သက်သေသည် ငါ၌ ရှိ၏။ ခမည်းတော်သည် ငါ့အား ထိုအမှုတို့ကို ပြီးမြောက်အောင် ဆောင်ရွက်ရန် ပေးအပ်တော်မူ၏။ ထိုအမှုတို့ကပင် ငါ့ကို ခမည်းတော်စေလွှတ်တော်မူကြောင်း သက်သေခံကြ၏။
အဘယ်ကြောင့်ဆိုသော် ငါသည် မိမိအလိုကို လုပ်ဆောင်ရန် မဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသော ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် ဆင်းသက်လာသောကြောင့် ဖြစ်၏။
ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူ ရှိတော်မူ၏။ ငါသည် ထိုအရှင်၏ စိတ်တော်နှင့် တွေ့သောအရာကိုသာ အစဉ်လုပ်ဆောင်သဖြင့် ထိုအရှင်သည် ငါ့ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။
ငါ့ကို စေလွှတ်တော်မူသောအရှင်၏ အမှုကိစ္စတို့ကို နေ့အချိန်၌ လုပ်ဆောင်ကြရမည်။ မည်သူမျှ မလုပ်ဆောင်နိုင်သောညအချိန် ရောက်လာလိမ့်မည်။