ထိုကာလ၌ ရောမဘုရင် ဩဂတ်စ်တပ်စ်ဆီဇာသည် တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် ကြေညာချက်ထုတ်ပြန်၏။
လုကာ 2:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအပေါင်းတို့သည် သန်းခေါင်စာရင်းသွင်းရန် မိမိတို့၏ဇာတိမြို့အသီးသီးသို့ ပြန်ကြ၏။ Common Language Bible လူအပေါင်းတို့သည် မှတ်ပုံတင်ရန်မိမိတို့ မြို့ရွာသို့သွားကြ၏။ Garrad Bible ထို အ ခါ လူ အ သီး အ သီး တို့ သည် ကိုယ့် အ နွယ် ဇာ တိ မြို့ ရွာ သို့ စာ ရင်း ဝင် ရန် သွား ကြ ရာ၊ Judson Bible လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှာ အသီးအသီး မိမိတို့မြို့ရွာသို့ သွားကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူအပေါင်းတို့သည် သန်းခေါင်စာရင်းဝင်ရန် မိမိတို့ဇာတိမြို့သို့ အသီးသီးသွားကြ၏။ မြန်မာ လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှာ အသီးအသီး မိမိတို့မြို့ရွာသို့ သွားကြ၏။- |
ထိုကာလ၌ ရောမဘုရင် ဩဂတ်စ်တပ်စ်ဆီဇာသည် တစ်နိုင်ငံလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် ကြေညာချက်ထုတ်ပြန်၏။
ဤသို့ သန်းခေါင်စာရင်းကောက်ယူခြင်းသည် ဆီးရီးယားပြည်၊ ဘုရင်ခံကုရေနိမင်းလက်ထက်တွင် ပထမဆုံးအကြိမ်ဖြစ်၏။
ယောသပ်သည်လည်း ဒါဝိဒ်မင်းအမျိုးအနွယ်မှ ဆင်းသက်လာသူဖြစ်သောကြောင့် ဂါလိလဲပြည်နာဇရက်မြို့မှ ယုဒပြည်ရှိ ဗက်လင်မြို့ဟု ခေါ်သော ဒါဝိဒ်၏မြို့သို့ သွားလေ၏။
ထိုသို့ စာရင်းသွင်းရန် သွားရာတွင် ယောသပ်သည် မိမိနှင့် စေ့စပ်ကြောင်းလမ်းထားသူဖြစ်သည့် ကိုယ်ဝန်အရင့်အမာရှိသော မာရိကိုလည်း ခေါ်ဆောင်သွားလေ၏။