သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
လုကာ 2:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှစ်ရက်ပြည့်သောအခါ သူငယ်ကို အရေပြားလှီးခြင်းမင်္ဂလာပေး၍ ယေရှုဟု အမည်ပေးကြ၏။ ထိုအမည်မှာ ကိုယ်ဝန်မဆောင်မီကပင် ကောင်းကင်တမန်ပေးထားသောအမည် ဖြစ်၏။ Common Language Bible သူငယ်တော်ရှစ်ရက်သားရှိ၍အရေဖျားလှီး မင်္ဂလာခံယူရန်အချိန်စေ့သောအခါ သူ့အား ယေရှုဟုနာမည်မှည့်ကြ၏။ ဤနာမည်ကား သူငယ်တော်ပဋိသန္ဓေမနေမီကပင် ကောင်းကင် တမန်ကမှည့်ခေါ်စေသည့်နာမည်ဖြစ်၏။ Garrad Bible ကိုယ် တော် ကို လှီး ဖြတ် ခြင်း မင်္ဂ လာ ပေး ရန် ရှစ် ရက် စေ့ သော်၊ သ န္ဓေ မ တည် မီ စေ တ မန် တော် သ မုတ် ခဲ့ သော ယေ ရှု အ မည် ဖြင့် မှည့် ကြ၏။ Judson Bible ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမီ ကောင်းကင်တမန်မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ရှစ်ရက်ပြည့်၍ သူငယ်အား အရေဖျားလှီးခြင်းပေးသောအခါ ဝမ်း၌သန္ဓေမတည်မီ ကောင်းကင်တမန်မှည့်ခေါ်ထားသည့်အတိုင်း သူ့ကို ယေရှုအမည်ဖြင့်မှည့်ခေါ်ကြ၏။ မြန်မာ ထိုသူငယ်အား အရေဖျားလှီးခြင်းကို ပေးရသောနေ့တည်းဟူသော ရှစ်ရက်မြောက်သောနေ့ ရောက်လျှင်၊ ပဋိသန္ဓေစွဲတော်မမူမီ ကောင်းကင်တမန်မှည့်သော ယေရှုအမည်ဖြင့် မှည့်ကြ၏။- |
သူသည် သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသားသည် မိမိလူမျိုးတို့ကို သူတို့၏ အပြစ်များမှ ကယ်တင်မည့်သူ ဖြစ်သောကြောင့် သူ့ကို ယေရှုဟူ၍ မှည့်ခေါ်ရမည်” ဟု ဆိုလေ၏။
သို့သော်လည်း သားမဖွားမီတိုင်အောင် မာရိနှင့် မဆက်ဆံဘဲနေ၏။ ထိုသား၏ အမည်ကို ယေရှုဟု မှည့်လေ၏။
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
သင်သည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားလိမ့်မည်။ ထိုသား၏အမည်ကို ယေရှုဟူ၍ မှည့်ရမည်။
ရှစ်ရက်မြောက်သောနေ့၌ သူတို့သည် သူငယ်ကို အရေပြားလှီးခြင်းမင်္ဂလာပေးရန် ရောက်ရှိလာကြ၏။ ထိုသူတို့က သူငယ်၏ဖခင်အမည်အတိုင်း ဇာခရိဟု မှည့်ခေါ်မည်ပြုကြ၏။
လူသားအဖြစ် ရှိနေချိန် မိမိကိုယ်ကိုယ် နှိမ့်ချ၍ လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံသည့်တိုင်အောင် ဘုရားသခင်ကို နာခံတော်မူ၏။