သူငယ်တော်ကို တွေ့မြင်ပြီးသောအခါ သိုးထိန်းတို့သည် မိမိတို့ကြားရသော သူငယ်တော်၏အကြောင်းကို လူတို့အား ပြန်လည်ပြောပြကြ၏။
လုကာ 2:18 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သိုးထိန်းတို့၏စကားကို ကြားရသောသူအပေါင်းတို့သည် အံ့သြကြ၏။ Common Language Bible သိုးထိန်းများပြောကြားချက်ကိုကြားရသူ အပေါင်းတို့သည်အံ့သြကြ၏။- Garrad Bible ကြား သ မျှ သော သူ တို့ သည် သိုး ထိန်း တို့ ပြန် ကြား သော အ ကြောင်း အ ရာ များ ကို အံ့ သြ ကြ၏။ Judson Bible သိုးထိန်းတို့ပြောသောစကားကို ကြားသောသူ ရှိသမျှတို့သည် အံ့ဩခြင်းရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ကြားရသောသူအပေါင်းတို့သည်လည်း မိမိတို့အား သိုးထိန်းတို့ပြောဆိုသောအကြောင်းအရာများကြောင့် အံ့ဩကြ၏။ မြန်မာ သိုးထိန်းတို့ပြောသောစကားကို ကြားသောသူ ရှိသမျှတို့သည် အံ့ဩခြင်းရှိကြ၏။- |
သူငယ်တော်ကို တွေ့မြင်ပြီးသောအခါ သိုးထိန်းတို့သည် မိမိတို့ကြားရသော သူငယ်တော်၏အကြောင်းကို လူတို့အား ပြန်လည်ပြောပြကြ၏။
သို့သော်လည်း မာရိသည် ဤဖြစ်ပျက်သမျှအကြောင်းအရာအားလုံးကို မိမိစိတ်နှလုံးထဲတွင် မှတ်သား၍ စဉ်းစားဆင်ခြင်လျက်နေ၏။
သူငယ်တော်၏မိဘတို့သည် သူငယ်တော်နှင့်ပတ်သက်၍ ပြောဆိုသောအကြောင်းအရာများကို ကြားသောအခါ အံ့ဩလျက် နေကြ၏။
ယေရှု၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ဉာဏ်ပညာနှင့် ဖြေကြားချက်များကို အံ့သြကြ၏။
လူအပေါင်းတို့သည် အံ့အားသင့်လျက် “ဤသူ၏စကားသည် မည်သို့နည်း။ အခွင့်အာဏာနှင့် တန်ခိုးတော်အားဖြင့် နတ်ဆိုးတို့ကို အမိန့်ပေးသောအခါ သူတို့သည် ထွက်သွားကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။