ထို့ကြောင့် အတွင်း၌ ရှိသောအရာများကို ဆင်းရဲနွမ်းပါးသူအား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံးသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။
လုကာ 19:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဇက္ခဲသည် ရပ်၍ သခင်ဘုရားအား “သခင်… အကျွန်ုပ်၏စည်းစိမ်ဥစ္စာတစ်ဝက်ကို ဆင်းရဲသားများအား ပေးပါမည်။ အကယ်၍ တစ်စုံတစ်ဦးထံမှ မတရားကောက်ခံထားသောငွေရှိပါက လေးဆပြန်လျော်ပါမည်” ဟု လျှောက်လေ၏။ Common Language Bible ဇက္ခဲသည်ရပ်လျက်သခင်ဘုရားအား ``အရှင်၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကိုဆင်းရဲသူ တို့အားပေးကမ်းပါမည်။ အကယ်၍အကျွန်ုပ် သည်လူတစ်စုံတစ်ယောက်ထံမှ မတရား တောင်းယူထားမိသောငွေရှိပါလျှင် ထိုငွေ ၏လေးဆကိုပြန်၍ပေးပါမည်'' ဟုလျှောက်၏။ Garrad Bible ဇ က္ခဲ သည် ထ ရပ် လျက် ကြည့် တော် မူ ပါ အ ရှင် ဘု ရား၊ ကျွန် တော် သည် ကိုယ့် ပ စ္စည်း တစ် ဝက် ကို သူ ဆင်း ရဲ တို့ အား ပေး ကမ်း ပါ မည်။ မည် သူ့ ထံ မ ဆို လျှပ် ဖြတ် မိ လျှင် လေး ဆ ပြန် ပေး ပါ မည် ဟု အ ရှင် ဘု ရား အား လျှောက် သော်၊ Judson Bible ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ဇက္ခဲသည်ရပ်လျက် “သခင်ဘုရား၊ အကျွန်ုပ်၏ဥစ္စာပစ္စည်းတစ်ဝက်ကို ဆင်းရဲသားတို့အားပေးပါမည်။ ထို့ပြင် တစ်စုံတစ်ဦးထံမှ တစ်စုံတစ်ရာကို မတရားတောင်းခံထားသည်ဆိုလျှင် လေးဆပြန်ပေးပါမည်”ဟု သခင်ဘုရားအားလျှောက်လေ၏။ မြန်မာ ဇက္ခဲသည်လည်း ရပ်နေ၍၊ သခင်၊ အကျွန်ုပ်၏ ဥစ္စာတစ်ဝက်ကို ဆင်းရဲသောသူတို့အား ပေးပါ၏။ တစ်စုံတစ်ယောက်သောသူ၏ ဥစ္စာအနည်းငယ်ကို အကျွန်ုပ်ယူမိလျှင်၊ လေးဆပြန်၍ပေးပါ၏ဟု သခင်ဘုရားကို လျှောက်ဆို၏။- |
ထို့ကြောင့် အတွင်း၌ ရှိသောအရာများကို ဆင်းရဲနွမ်းပါးသူအား ပေးကမ်းလော့။ သို့ပြုလျှင် အရာအားလုံးသည် သင်တို့အတွက် စင်ကြယ်လိမ့်မည်။
သင်တို့၏ဥစ္စာပစ္စည်းများကို ရောင်း၍ ဆင်းရဲသောသူတို့အား ပေးကမ်းကြလော့။ သင်တို့အတွက် မဆွေးမြေ့နိုင်သည့် ပိုက်ဆံအိတ်များကို ပြုလုပ်၍ သူခိုးမကပ်၊ ပိုးမဖျက်ဆီးနိုင်သည့် ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဘဏ္ဍာကို သိုထားကြလော့။
သင်တို့အား ငါပြောဆိုသည်မှာ လောကီစည်းစိမ်များအားဖြင့် မိတ်ဆွေရရန် လုပ်ဆောင်ကြလော့။ ထိုစည်းစိမ်များ ကုန်ဆုံးသောအခါ သင်တို့ကို ထာဝရတည်သောနေရာ၌ လက်ခံကြိုဆိုကြလိမ့်မည်။
ထိုအဖြစ်အပျက်ကို မြင်သောသူများက “ယေရှုသည် အပြစ်ရှိသူတစ်ဦး၏အိမ်တွင် တည်းခိုရန် လိုက်ပါသွားလေပြီ” ဟု ဝေဖန်ပြောဆိုကြ၏။
ယေရှုသည် မုဆိုးမကို မြင်သောအခါ သနားစိတ်ရှိတော်မူသဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။
ယေရှုထံတော်သို့စေလွှတ်၍ “အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။